• ဆီမီးဖိုင်နယ်တက်ဖို့ ကမ္ဘောဒီးယားကို မဖြစ်မနေအနိုင်ကစားထားဖို့လိုတဲ့ မြန်မာ

ဒီကနေ့ ညနေ ၃ နာရီတိတိမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကို ၇ ဂိုးပြတ်သွင်းပြီး ယုံကြည်မှုတည်ဆောက်ထားနိုင်တဲ့မြန်မာအသင်း ဒီကနေ့မှာရော ကမ္ဘောဒီးယားကို ပြတ်ပြတ်သားသားအနိုင် ယူနိုင်မှာလားစောင့်ကြည့်ရပါမယ်။

image

Photo - MFF

 

Alpine Cup 2018 ပြိုင်ပွဲရှိနေလို့ မြန်မာပရိသတ်တွေရဲ့ အာရုံကို အပြည့်အ၀ မဖမ်းစားထားနိုင်တဲ့ အာဆီယံ ယူ-၁၆ ပွဲစဉ်မှာ မြန်မာ အသင်း က အကောင်းဆုံး ကြိုးစားနေပါတယ်။

ဘာရိန်းကို သရေကျထားလို့ ထိုင်းအထက် ရပ်တည်ထားနိုင်တဲ့ မြန်မာ 

အခုချိန်မှာတော့ အုပ်စုပွဲစဉ်တွေကို ကစားထားပြီး ၃ ပွဲကစားထားတာမှာ ၂ ပွဲနိုင် ၁ ပွဲရှုံးထားလို့ လက်ကျန် အုပ်စု ၂ ပွဲမှာတော့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

Photo - MFF

 

ဒီကနေ့ ညနေ ၃ နာရီမှာတော့ ကမ္ဘောဒီးယား အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ ဒီပွဲမှာ အနိုင်ကစားထားဖို့ အရေး ကြီးပါတယ်။

မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲမှာ တီမောအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၃-၂ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့အိမ်ရှင် အင်ဒိုနီးရှား အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

 

အင်ဒိုကို ရှုံးလိုက်လို့ ဆီမီးဖိုင်နယ်တက်ဖို့ အနည်းငယ် ဖိအားများသွားခဲ့ပေမယ့်လည်း တတိယပွဲမှာတော့ ဖိလစ်ပိုင်ကို ၇ ဂိုးပြတ်အနိုင်ယူပြီး ယုံ ကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။

လက်ကျန် ၂ ပွဲက ကမ္ဘောဒီးယား၊ဗီယက်နမ်အသင်းတွေဖြစ်လို့ လျော့တွက်လို့ မရပဲ အသေအချာ ဖိဖိစီးစီး ကစားဖို့ လိုအပ်နေတာလည်း ဖြစ် ပါတယ်။

လက်ရှိမှာတော့ ရမှတ် ၆ မှတ် ဂိုးကွာခြားချက်အသာနဲ့ ဗီယက်နမ်အသင်းနဲ့ ရမှတ်တူအနေအထားမှာအဆင့် ၂ နေရာ ရပ်တည်ထားနိုင်ပေမယ့် ဗီယက်နမ်ကို အရေးနိမ့်လို့ မရတာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးများများနဲ့ နိုင်အောင်ကစားထားနိုင်မယ်ဆိုရင် ဗီယက်နမ်အသင်းနဲ့ပွဲမှာ မြန်မာအသင်းအတွက် အားသာချက်တွေ ရရှိနိုင်မှာဖြစ်ပြီ းသရေ ကစားရုံနဲ့ နော်ကတစ်ဆင့်ကိုတက်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

မြန်မာ ယူ-၁၆ ရဲ့ ပွဲစဉ်တွေကိုတော့ ရုပ်သံက မပြသတာကြောင့် ပရိသတ်တွေအနေနဲ့ အားပေးချင်လျက်နဲ့ အားမပေးရပဲ ရှိနေတာလည်း သိရ ပြီး မြန်မာ ယူ-၁၆ ရဲ့ ပွဲစဉ်တွေကို ကြည့်ရှုအားပေးချင်ရင်တော့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်မှာ တိုက်ရိုက်ပြသလျက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က