• Instagram က ဗွီဒီယိုတွေအကုန် Reels တွေ ဖြစ်အောင် စမ်းသပ်နေ

ကိုယ့်အကောင့်က Public ထားမယ်ဆိုရင် ဘယ်သူမဆို ကိုယ့် Reel ကို Remix လုပ်လို့ ရသွားမှာပါ။
[Zawgyi Version]

TikTok ကို ယှဉ်ဖိုက်ဖို့ Instagram ဟာ ဗွီဒီယို posts တွေကို ပုံစံပြောင်းလဲမှု လုပ်ဖို့ စမ်းသပ်နေပါတယ်။ 

Instagram ဟာ Video Posts တွေကို TikTok လိုမျိုး စက္ကန့် ၆၀ ကြာတဲ့ Reels ဗွီဒီယိုတိုတွေအဖြစ် ပြောင်းလဲစမ်းသပ်နေတယ်လို့ Tech Crunch သတင်းက ဖော်ပြပါတယ်။ ကမ္ဘာတလွှားက သုံးစွဲသူသီးသန့် ရွေးချယ်စမ်းသပ်နေတာ ဖြစ်ပြီး ဒါဟာ Instagram ရဲ့ App ပေါ်က ဗွီဒီယိုကို ရိုးရှင်းစေမယ့် အစီအစဉ်ရဲ့ အစိတ်အပိုင်းလို့လည်း ကုမ္ပဏီက ပြောပါတယ်။ 


"ကျွန်တော်တို့ရဲ့ Instagram ပေါ်က ဗွီဒီယိုအတွေ့အကြုံကို ရိုးရိုးရှင်းရှင်းနဲ့ ပိုကောင်းစေရေး ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဒီ Feature ကို စမ်းသပ်နေတာပါ"လို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်နဲ့ အကြောင်းပြန်ပါတယ်။ 

Social Media အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ မတ် နာဗာရာရဲ့ Twitter ပေါ်က Screenshot တစ်ခုအရ Instagram စမ်းသပ်မှုမှာ ပါတဲ့ လူတွေဟာ "Video Posts တွေကို Reels အဖြစ် အခု Share ထားပါတယ်" ဆိုတဲ့ In-App မက်ဆေ့ချ်တစ်စောင် မြင်တွေ့ရမှာပါ။ မက်ဆေ့ချ်ထဲမှာ ကိုယ့်အကောင့်က Public ထားထားတယ်ဆိုရင် ကိုယ်တင်လိုက်တဲ့ Video တွေဟာ Reels တွေ ဖြစ်သွားမှာပါ။ 

တခြားသူတွေကလည်း ကိုယ့်ရဲ့ Reel ကို တွေ့ရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ မူရင်း Audio ကို သုံးပြီး တခြားသူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် Reels တွေ ထပ်ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ Private ထားထားတဲ့ အကောင့်တွေမှာတော့ ကိုယ့်ရဲ့ Reels တွေကို Followers တွေပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ Instagram မှာ Reel တစ်ခု တင်လိုက်တာနဲ့ ကိုယ့်အကောင့်က Public ထားမယ်ဆိုရင် ဘယ်သူမဆို ကိုယ့် Reel ကို Remix လုပ်လို့ ရသွားမှာပါ။ တခြားသူတွေ ကိုယ့်အကောင့်ကို Remix မလုပ်နိုင်အောင်လည်း ကိုယ့်အကောင့် Settings ထဲမှာ ပိတ်ထားလို့ ရပါတယ်။ 



Instagram ဟာ Reels ဗွီဒီယိုတိုတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လကတည်းက အမေရိကန်ပြည်ထောင်စုမှာ စတင်ဖြန့်ချိခဲ့တာပါ။ Reels ဗွီဒီယိုတိုပုံစံဟာ ပိုပြီး လူစိတ်ဝင်စားလာကြတယ်လို့လည်း ဆိုပါတယ်။ Instagram အနေနဲ့ ဗွီဒီယိုပို့စ်တွေကို Reels အဖြစ် စမ်းသပ်မှုကို တိုးချဲ့သွားဖို့ ရှိပြီး လက်ရှိ Instagram ပေါ် တင်နေကြတဲ့ ဗွီဒီယိုတွေက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတော့ မပြောသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share