iPhone နဲ့ iPad users တွေ သုံးနိုင်မှာပါ

Google Drive ကတော့ iPhone နဲ့ iPad ပေါ်မှာ ဇီဝလုံခြုံရေးကာကွယ်မှုတွေ ထည့်သွင်းလာပြီ ဖြစ်ပါတယ်။ 


Google Drive ရဲ့ iOS နဲ့ iPadOS ဗားရှင်းတွေမှာ Google ဟာ Privacy Screen feautre သစ် ဖြန့်ချိလိုက်တာပါ။ ဒီ feature မှာ iPhone နဲ့ iPad ကိုင်သူတွေရဲ့Google Drive app ထဲ ဝင်မယ့်သူတွေကို Face ID နဲ့ Touch ID အတည်ပြုချက်တောင်းမှာ ဖြစ်တယ်လို့ The Verge က ဖော်ပြထားပါတယ်။ Google Drive သုံးတဲ့ iOS users တွေအတွက် app ထဲက အရေးကြီးတဲ့ personal files တွေကို တစ်ခြားသူတွေမကြည့်အောင် ကာကွယ်လိုက်တာပါ။



Photo: appleinsider


Privacy Screen ဟာ တစ်ခြား app တစ်ခုခုထဲ ဝင်လိုက်တာနဲ့ activate ဖြစ်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် Drive ထဲ ဝင်လိုက်တာနဲ့ Face ID ဒါမှမဟုတ် Touch ID screen တက်လာမှာပါ။ Privacy Screen ဟာ လုံးဝဥဿုံစိတ်ချရတာတော့ မဟုတ်ပါဘူး။ Settings Screen ထဲမှာ Drive noti တွေ ၊ တစ်ချို့ Siri လုပ်ဆောင်ချက်တွေ ၊ Files app နဲ့ share ထားတဲ့ ဖိုင်တွေ ၊ Photos app နဲ့ share ထားတဲ့ ပုံတွေနဲ့ တစ်ခြား System လုပ်ဆောင်ချက်တွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ Google က ဆိုပါတယ်။

Google ဟာ ပြီးခဲ့တဲ့ လကတည်းက ဒီ feature ကို ပထမဆုံးအကြိမ် စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ Privacy Screen feature ကို လက်ရှိမှာ Google Drive update သစ်မှာ ဖြန့်ချိထားပြီး iPhone နဲ့ iPad သုံးစွဲသူတိုင်း အသုံးပြုနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က