ဖုန်းအမျိုးအစား ၄ မျိုးအထိ ကြေညာသွားဖို့ရှိတဲ့ iPhone 12 စီးရီးတွေကို နိုဝင်ဘာလအကုန်ပိုင်းမှ မိတ်ဆက်နိုင်ဖို့ ရှိပါတယ်။
Cowen ရင်းနှီးမြှပ်နှံမှုဘဏ်က လာတဲ့ သတင်းတစ်ပုဒ်အရ iPhone 12 စီးရီးသစ် မိတ်ဆက်ပွဲဟာ ပုံမှန်မိတ်ဆက်နေကျ ဖြစ်တဲ့ စက်တင်ဘာလလယ်အစား အနည်းဆုံး ၂ လအထိ နောက်ကျပြီးမှ ကျင်းပနိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီအရင် ထွက်လာတဲ့ သတင်းတစ်ခုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် iPhone 12 ထုတ်လုပ်မှုနဲ့ မိတ်ဆက်မှုဟာ တစ်လခန့် ကြန့်ကြာနိုင်တယ်လို့ ခန့်မှန်းခဲ့တာပါ။
Photo: GSMArena
သတင်းသစ်အရ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း iPhone ထုတ်လုပ်မှုဟာ အလုံးရေ ၃၅ သန်း ရှိပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၃% ပိုနည်းဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ iPhone တွေအတွက် ထူးခြားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာမှာပါ။ iPhone 12 စီးရီးဟာ မော်ဒယ် ၄ မျိုးနဲ့ ထွက်လာမှာ ဖြစ်ပြီး ပိုသေးတဲ့ notch သုံးသွားမှာပါ။
ဖုန်းအားလုံးဟာ OLED panel ပါလာပြီး 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် ဖုန်းတွေ ဖြစ်မယ်လို့လည်း သတင်းထွက်ထားပါတယ်။ screen အရွယ်အစားအနေနဲ့၅.၄ လက်မနဲ့ ၆.၇ လက်မနဲ့အတူ ၆.၁ လက်မအရွယ် iPhone သစ်နှစ်မျိုးလည်း မြင်ရမှာပါ။ ဒီဇိုင်းအနေနဲ့ iPad Pro စတိုင် ထောင့်အနားတွေနဲ့ ထွက်လာမယ်လို့ ယူဆထားပါတယ်။
Photo: 9to5Mac
၂၀၂၀ မော်ဒယ် iPhone 12 တွေဟာ TSMC ရဲ့ 5nm process ကို အခြေခံထားတဲ့ A14 chipset သစ်နဲ့ လာဖို့ ရှိပါတယ်။ entry-level မျက်နှာပြင် ၅.၄ လက်မနဲ့ ၆.၁ လက်မ iPhone တွေဟာ RAM 4GB က စပြီး ပါရှိမှာ ဖြစ်ပြီး ပရီမီယံဗားရှင်း ၆.၁ လက်မနဲ့ ၆.၇ လက်မတို့ဟာ RAM 6GB/512GB storage အထိ ပါရှိမှာပါ။ Apple ဟာ iPhone ပစ္စည်းအစိတ်အပိုင်းအများစုကို တရုတ် ၊ ထိုင်ဝမ် နဲ့ တောင်အာရှနိုင်ငံ ကုမ္ပဏီတွေဆီက မှာယူတာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှုများ အချိန်မီ မပြီးနိုင်တာနဲ့ ကြုံနေတာပါ။
နောက်ဆုံးရထားတဲ့ သတင်းတွေအရ iPhone 12 စီးရီးအတွက် OLED display အများစုကို Samsung က ထုတ်ပေးသွားမှာ ဖြစ်ပြီး LG နဲ့ BOE တို့လည်း အရန် supplier အနေနဲ့ ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။