• Featured

    iPhone ဒီဇိုင်းယူသုံးထားတယ်လို့ သတင်းထွက်နေတဲ့ OnePlus Nord N2

Flat Edge သုံး ပထမဆုံး OnePlus ဖုန်းဖြစ်လာမလား
[Zawgyi Version]

iPhone ဒီဇိုင်းကို ကော်ပီယူတဲ့ဖုန်းတွေထဲမှာ OnePlus လည်း ပါလာပြီလို့ ပြောနေကြပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ OnePlus ဖုန်းသစ် Renders ပုံတွေ တက်လာပြီးနောက် iPhone ဒီဇိုင်းမျိုး ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ နာမည်ကြီး စမတ်ဖုန်းသတင်းသမား @OnLeak (စတိဗ်ဟမ်းမားစတော့ဖာ) ဟာ OnePlus Nord 2 5G ဖုန်းသစ်ရဲ့ ဖြစ်နိုင်ဖွယ် Renders ပုံတွေ မျှဝေခဲ့ပါတယ်။ ၂၀၂၀ အကုန်ပိုင်းက ထွက်ခဲ့တဲ့ OnePlus Nord N10 ရဲ့ အဆက် OnePlus Nord N20 ရဲ့ renders သစ်တွေဟာ iPhone သုံးသူတွေနဲ့ရင်းနှီးနေတဲ့ ဒီဇိုင်းမျိုး သုံးထားတာပါ။ 

Photo: androidauthority

iPhone 12 စီးရီးမှာ တကျော့ပြန်မြင်တွေ့ရတဲ့ Flat Edge ဘောင်ဒီဇိုင်းဟာ အန်းဒရိုက် OEMs တွေအကြားမှာပါ ခေတ်စားလာတာ ဖြစ်ပါတယ်။ OnePlus ရဲ့ တန်ဖိုးသင့် Nord N series သစ်မှာလည်း ဒီ ဒီဇိုင်းမျိုးကို ပြန်သုံးလာဖို့ ရှိပါတယ်။ ဖုန်းဘောင်ဒီဇိုင်းအပြင် တခြား ဒီဇိုင်းအယူအဆတွေမှာလည်း OnePlus Nord N20 ဟာ iPhone 12 နဲ့ 13 စီးရီးတွေဆီကနေ ယူဖို့ ရှိပါတယ်။ 

ကျောဘက်ကင်မရာတွေဟာ စတုရန်းအိမ်နဲ့လာတာ မဟုတ်ပေမယ့် ကင်မရာ Lens ထားပုံက iPhone 12 စီးရီးနဲ့ အတော်လေး ဆင်နေပါတယ်။OnePlus Nord N20 မှာတော့ နောက်ထပ် အပို sensor အသေးတစ်ခုလည်း ပါလာမှာပါ။ ရှေ့ Screen မှာတော့ လက်ရှိခေတ်ပေါ် အန်းဒရိုက်ဖုန်းတွေရဲ့ ဒီဇိုင်းအတိုင်း punch-hole cutout ဒီဇိုင်းနဲ့လာမှာပါ။ Flat Edge နဲ့ punch-hole မှန်ပြင်ပြည့်ဒီဇိုင်းကြောင့် ဒီဇိုင်းပိုင်း သိသိသာသာ ကြည့်ကောင်းလာနိုင်ပါတယ်။ 

Photo: 91 Mobiles


လောလောဆယ်ကြားနေရတဲ့ သတင်းတွေအရ OnePlus Nord N20 5G ဟာ ၆.၄၃ AMOLED panel နဲ့လာပြီး မှန်ပြင်အောက်လက်ဗွေစနစ် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ အောက်ဘက်မှာတော့ iPhone 12 နဲ့ iPhone 13 series တွေမှာ မတွေ့ရတဲ့ 3.5mm headphone jack ပါလာဖို့ ရှိပါတယ်။ ဟမ်းမားစတော့ဖာရဲ့အဆိုအရ OnePlus Nord N20 5G ဟာ 5G ကွန်ရက်ပံ့ပိုးထားတဲ့ Snapdragon 695 chipset သုံးလာဖို့ ရှိပြီး ကင်မရာအနေနဲ့ 48MP main sensor နဲ့အူ 2MP sensor တွေ သုံးလာမယ်လို့လည်း ပြောထားပါတယ်။ 

OnePlus Nord N20 ကို ၂၀၂၁ နှစ်အကုန်ပိုင်းမှာ မိတ်ဆက်ဖို့ ရှိပါတယ်။ OnePlus စိတ်ဝင်စားသူတွေအတွက် Nord N series သစ်ဟာ စိတ်ကျေနပ်မှုပေးနိုင်မယ်လို့ ယူဆရပါတယ်။ 

Share