စက်တင်ဘာလဟာ Apple fan တွေ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ လတစ်လပါ။ နှစ်တိုင်း ထူးခြားဆန်းသစ်တဲ့ iPhone တွေ မိတ်ဆက်နေကျ ဒီလမှာ Apple ဟာ ဘယ်လိုထုတ်ကုန်တွေ မိတ်ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
(၁) iPhone SE 2 မြင်ရမလား
Photo: CNET
၂၀၁၈ နှစ်ဆန်းကတည်းက iPhone SE 2 ကို ပြန်ထုတ်မယ်လို့သတင်းထွက်ထားတာ နှစ်ဝက်ကျိုးသွားပေမယ့် မမြင်ခဲ့ရပါဘူး။ iPhone SE 2 ဟာ ၂၀၁၆ ထွက် iPhone 7 နဲ့အနီးစပ်ဆုံး specs တွေနဲ့ထုတ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
ဒီဖုန်းဟာ A10 processor နဲ့လာပြီး Faec ID နဲ့notch ပါမှာ မဟုတ်ပါဘူး။ ဒီနှစ်ထဲ ထွက်လာမယ့် iPhone သစ်တွေထဲမှာတော့ သူက ဈေးအနည်းဆုံး ဘက်ဂျက်ဖုန်းဖြစ်မှာပါ။
(၂) iPhone X Plus မှာ fast charging ပါလာမယ်
Photo: BGR
iPhone သစ် သုံးမျိုးမှာ တန်ဖိုးအကြီးဆုံးဖြစ်မယ့် iPhone X Plus ဟာ အားသွင်းရမြန်ဆန်မယ့် wireless charging coin ပါလာမယ်လို့လည်း သတင်းတွေထွက်ထားပါတယ်။ လောလောဆယ် wireless charging စနစ်တွေဟာ ကြိုးသွင်းစနစ်လောက် မမြန်သေးပေမယ့် iPhone X Plus ကတော့ အားသွင်းကြိုး မလိုဘဲ fast charging သုံးနိုင်မယ့် သဘောပါ။
(၃) Apple Watch Series 4
Photo: Mac Rumours
ဇွန်လဆန်းပိုင်းက Apple ဟာ social နဲ့fitness feature သစ်တွေ ပါဝင်တဲ့ WatchOS 5 ကို မိတ်ဆက်ထားခဲ့ပါတယ်။ လာမယ့် စက်တင်ဘာမှာ မိတ်ဆက်သွားမယ့် Apple Watch Series 4 မှာလည်း watchOS 5 ရဲ့ WebKit လို searching feature တွေ ၊ သီချင်းနားထောင်လို့ရမယ့် Podcast feature တွေအပြင် Walkie-Talkie feature တွေပါ ပါဝင်လာတော့မှာပါ။
(၄) OLED display သုံး မော်ဒယ်နှစ်ခု ၊ LCD မော်ဒယ်တစ်ခု
Photo: Pocket Now
iPhone သစ်တွေရဲ့ နာမည်မသိရသေးပေမယ့် မျက်နှာပြင်အရွယ်အစားနဲ့သုံးရမယ့် display တွေတော့ သိရပါပြီ။
တန်ဖိုးအနည်းဆုံး မျက်နှာပြင် ၆.၁ လက်မမော်ဒယ်ဟာ LCD display နဲ့လာမှာပါ။ ကျန်တဲ့ ၅.၈ လက်မနဲ့၆.၅ လက်မ မော်ဒယ်တွေကတော့ OLED panel နဲ့လာမှာပါ။ နာမည်ကိုတော့ iPhone 11 ၊ iPhone X Plus ၊ iPhone X2 စသည်ဖြင့် သတင်းထွက်နေပြီး ထူးခြားတာက iPhone 9 လို့သတင်းတွေမှာ ဖော်ပြတာ ရှားနေတာပါပဲ။
(၅) ဘယ်လောက် ဈေးပေါက်မလဲ
Photo: technobuffalo
Apple ကတော့ တရားဝင် မိတ်ဆက်မယ့်ရက်မကြေငြာသေးပါဘူး။ စက်တင်ဘာလ ၁၂ ရက် ဝန်းကျင်ဖြစ်မယ်လို့သတင်းတွေက ခန့်မှန်းထားပါတယ်။
အနည်းဆုံး ဒေါ်လာ ၇၀၀ တန် ဖုန်းကနေ အမြင့်ဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၁၀၀ အထိ ရှိမယ်လို့ဆိုပါတယ်။ storage အမြင့်စားမော်ဒယ်အတွက်ကတော့ ဈေးနှုန်း မသိရသေးပေမယ့် နောက်ထပ် ဒေါ်လာ ၁၀၀ ပိုပေးရဖို့ရှိပါတယ်။