အသက်(၂၀) ပြည့်သွားခဲ့ပါပြီ။

သရုပ်ဆောင် ယွန်းယွန်းကတော့ ဆယ်ကျော်သက်အရွယ်လေးကနေ ဒီနှစ်မှာ ထိပ်စီးပြောင်းသွားခဲ့ပါပြီ။ ထိပ်စီး ပြောင်းတဲ့နှစ်မို့လို့လည်း ရင်ခုန်နေတယ်လို့ သူမက ဆိုပါတယ်။

Photo ; phonn

ငယ်စဉ်ကလေးဘဝအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် ယွန်းယွန်းကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေး မဟုတ်တော့ပါဘူး။ ဒီနှစ်(ဇန်နဝါရီ၁၉ရက်)က အသက်(၂၀) ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့မှာ ချစ်တဲ့သူငယ်ချင်းတွေ၊ အနုပညာမောင်နှစ်မတွေ၊ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

အသက်(၂၀) ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့ ခံစားချက်လေးကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"ညီမထိပ်စီးပြောင်းတဲ့နှစ်ပေ့ါ။ဆယ်ကျော်သက်မဟုတ်တော့ဘူး အသက်၂၀ ထဲကို စဝင်တဲ့နှစ်ဆိုတော့ ရင်တော့ ခုန်တယ်။ ပျော်လည်းပျော်တယ်။ အခုချိန်ထိ ချစ်ပေးတဲ့ညီမရဲ့ အနားမှာ ရှိတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ သူမက Duwun Media ကို ပြောပါတယ်။

Photo ; phonn

သူမအနေနဲ့ ပရိသတ်တွေအတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်သလို မိဘတွေအတွက်လည်းအားကိုး ရတဲ့ သမီးတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ အသက်(၂၀)၊ အသက်၃၀ ရယ်လို့မဟုတ်ပါဘူး ညီမရောက်နေတဲ့ နေရာမှာ အသုံးဝင်တဲ့သူ ဖြစ်ချင်တယ်။ မိသားစုမှာ အားကိုးရတယ်။အသုံးဝင်တဲ့သူဖြစ်ချင်တယ်။ သူငယ်ချင်းတွေအတွက်ဆိုလည်း ကူညီပေးနိုင်တဲ့ သူမျိုး ဖြစ်ချင်တယ့်အတွက် ညီမကြိုးစားနေပါတယ်” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo ; phonn

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo ; phonn

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကလေးသရုပ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်းနဲ့ ပညာရေးဘက်ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကြောင့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။

သရုပ်ဆောင်ယွန်းယွန်းကတော့ သရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး။ ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က