ယူနိုက်တက်တိုက်စစ်မှူးဟောင်းဖြစ်သူ အိုဝင်အနေနဲ့ ယူနီုက်တက်ရဲ့ လက်ရှိအခြေအနေဆိုးတစ်ရပ် ကို ဝေဖန်ထောက်ပြခဲ့တာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တွင်ရလဒ်ဆိုးနေတဲ့အပြင် ယူရိုပါလိဂ်တွင်ပါ ရုန်းကန်နေရတဲ့ယူနိုက်တက်အသင်းအ ပေါ် တိုက်စစ်မှူးဟောင်းအိုဝင်က မှတ်ချက်ပြုပြောကြားခဲ့ပြီး ပုဂ္ဂိုလ်ရေးအရပြောရရင် ရာသီကုန်မှာ ထိပ်ဆုံး ၆သင်းစာရင်းဝင်ဖို့တောင်မလွယ်ဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်-၂တွင် အယ်လ်ခမာအသင်းကိုသရေ ကျခဲ့တဲ့ပွဲစဉ်မှာ ကစားပုံဆိုးရွားခဲ့ပြီး ဂိုးကန်သွင်းမှုတစ်ကြိမ်မှရရှိခဲ့ခြင်းမရှိတဲ့အထိ လိုအပ်ချက်မြင့်မား ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။
“ ယူနိုက်တက်ရဲ့လက်ရှိအခြေအနေက အလယ်အလတ်အသင်းအခြေအနေပဲရှိနေပါတော့တယ်။ န ည်းပြဖာဂူဆန်အနားယူပြီးတဲ့နောက် အဆိုးရွားဆုံးအခြေအနေလို့လည်း ပြောလို့ရပါ တယ်။ အရိုးသား ဆုံးမှတ်ချက်ပြုရရင် ရာသီကုန်မှာ အဆင့်-၆နေရာရဖို့တောင်မလွယ်ပါဘူး” လို့ အိုဝင်က BT Sports အင်တာဗျုးတွင် ဖြေကြားခဲ့တာကို dailymail ကဖော်ပြခဲ့တာပါ။
လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် ၇ အပြီးတွင် ရမှတ် ၉မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအဆင့်-၁၀တွ င်ရပ်တည်နေခဲ့တဲ့ ယူနိုက်တက်အနေနဲ့ တိုက်စစ်ကစားသမားအများစု ဒဏ်ရာပြ
ဿနာရှိနေခဲ့လို့အခ က်တွေ့နေခဲ့တာလည်းဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင်ယာယီတာဝန်ယူကိုင်တွယ်ခဲ့စဉ်က ရလဒ်ပိုင်း ကောင်းမွန်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ ပုံစံကောင်းရှိအောင် ရုန်းကန်နေရတဲ့အတွက် မသေချာ တဲ့ အနာဂတ်အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေ ရပြီလည်းဖြစ်ပါတယ်။