သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာပြီးအလုပ်လုပ်မယ့် မြန်မာလုပ်သား ၁၇ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရုပ်သံသတင်းဌာနဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Photo - Channel 8



ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ နယ်စပ် ဖုပ်ဖရမြို့နယ်ထဲက တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းနေစဉ်မှာ ဖမ်းမိတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ အဆိုပါလုပ်သားတွေကို မြို့နယ်လဝက၊ရဲတပ်ဖွဲ့အပြင် နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ လမ်းကြောင်းမှာ စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

တရားမဝင် အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားကို စစ်ဆေးစဉ်မှာ ယာဉ်မောင်း ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦး ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့နယ်မှာ ပန်းရံ၊ ဆေးသုတ်နဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကို တစ်ဦးလျှင် ဘတ်တစ်သောင်းနှုန်းပေးပြီး တရားမဝင် ဝင်ရောက်လာချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ကနေ အလုပ်လုပ်ဖို့ တရားမဝင်ဝင်ရောက်တဲ့အလုပ်သမားတွေ က တစ်နှစ်ထက်တစ်နှစ်များပြားလာနေပြီးတော့ မတော်တဆ ထိခိုက်မှုဖြစ်တာ၊ ဖမ်းမိတာတွေကြောင့် ငွေကြေး ဆုံးရှုံးမှုတွေအပါအဝင် အသက်ဆုံးရှုံးမှုတွေပါ ကြုံတွေ့နေရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က