• ထိုင်းဂူထဲက ကလေးတွေ ကယ်ခဲ့တဲ့ ရေငုပ်သမားနဲ့ ဖြစ်တဲ့ အမှု အီလွန်မတ်စ် အနိုင်ရ

Tweet တစ်ခုက စတဲ့ ပြဿနာပါ

Tweet တစ်ခုကြောင့် ဒေါ်လာ သန်း ၁၉၀ နစ်နာကြေးတောင်းတဲ့ အမှုနဲ့ Tesla တည်ထောင်သူ အီလွန်မတ်စ် တရားရင်ဆိုင်ခဲ့ရပါတယ်။


ပြီးခဲ့တဲ့ တစ်နှစ်ကျော် ဇွန်လကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Tham Luang ဂူအတွင်း ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းကို ကယ်ဆယ်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဗြိတိန်ရေငုပ်သမားကို ကလေးငယ်တွေအပေါ် လိင်ပိုင်း စိတ်ဝင်စားနေသူလို့ ပြောခဲ့တဲ့ အီလွန်မတ်စ်ရဲ့ အသုံးအနှုန်းဟာ အသရေဖျက်ရာ မရောက်ကြောင်း အမေရိကန်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

image


အီလွန်မတ်စ် (Photo: KSNV)

ဂူအတွင်း ပိတ်မိနေ ထိုင်းကျောင်းသားဘောလုံးအသင်းသား ၁ ဦးနဲ့ နည်းပြတို့ကို ကယ်ဆယ်ရေးမှာ မြန်မာအပါအဝင် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များ ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ ကမ္ဘာကျော် Tesla ကားကုမ္ပဏီတည်ထောင်သူ အီလွန်မတ်စ်လည်း ပါဝင်ခဲ့ပါတယ်။

အီလွန်မတ်စ်ပိုင် Space X နဲ့ Boring Company တို့ဟာ ကလေးတစ်ယောက်စာ သယ်သွားနိုင်တဲ့ အသေးစားရေငုပ်သင်္ဘောတွေနဲ့ ကလေးတွေကို ကယ်ဆယ်သွားမယ်လို့ ပြောပါတယ်။ ဂူထဲက ကလေးများ ကယ်ဆယ်ရေးမှာ အရေးပါသူတစ်ဦး ဖြစ်ခဲ့တဲ့ ဗြိတိန်ရေငုံ့သမား ဗန်းအန်းဆွတ်ကတော့ အီလွန်မတ်စ်ဟာ ကလေးတစ်ယောက်စာ ရေငုံ့သဘောၤနဲ့PR စတန့်ထွင်တာလို့ ဝေဖန်ခဲ့ပါတယ်။

CNN နဲ့ တွေ့ဆုံခန်းမှာ အန်းဆွတ်က “ဘယ်လိုမှ အလုပ်မဖြစ်ပါဘူး။ ဂူလမ်းကြောင်းက ဘယ်လိုလဲဆိုတာတောင် သူတို့သိတာမှ မဟုတ်တာ။ သူ့ရဲ့ ရေငုံ့သဘောၤက ၅ ပေ ၆ လက်မလောက် ရှည်တာ။တစ်ချို့ ဂူတွင်းနေရာထောင့်စွန်းတွေနဲ့လည်း မလွတ်ဘူး။ နောက်ပြီး စပြီး ရေငုံ ့ထွက်တဲ့ နေရာကနေ ဂူထဲ မီတာ ၅၀ တောင် အဲဒီပစ္စည်းက ရောက်မလာခဲ့ဘူး။ ဒါက PR stunt ထွင်သွားတာပါ” လို့ ပြောခဲ့ပါတယ်။

ဗြိတိန်ရေငုံ့သမား ဗန်းအန်းဆွတ်ရဲ့ ပြောကြားချက် ထွက်လာပြီးနောက် အီလွန်မတ်ကလည်း pedo guy (ကလေးတွေအပေါ် မူမမှန်တဲ့ လိင်စိတ်ဝင်စားသူ) လို့ Twitter ကနေ တုန့်ပြန်ခဲ့ပါတယ်။ ဒီ Tweet ကို ပြန်ဖယ်ရှားခဲ့ပေမယ့် အန်းဆွတ်ကတော့ အသရေဖျက်မှုနဲ့ ဒေါ်လာသန်း ၁၉၀ နစ်နာကြေး ရလိုကြောင်း အီလွန်မတ်စ်ကို တရားစွဲခဲ့တယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။

ဗန်အန်းဆွတ်(Photo: BBC)


တရားရုံးမှာ လျှောက်လဲချက်ပေးချိန်မှာ မတ်စ်က သူနေထိုင် ကြီးပြင်းခဲ့ရာ တောင်အာဖရိကမှာ ပြောနေကျအတိုင်း pedo guy လို့ သုံးလိုက်တာ ဖြစ်ပြီး လန့်စရာကောင်းတဲ့ အဖိုးကြီးလို့ အဓိပ္ပါယ်ရကြောင်း အန်းဆွတ်ကို ကလေးတွေပေါ် လိင်စိတ်သက်ဝင်နေသူလို့ ပြောတာ မဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

မတ်စ်ရဲ့ ရှေ့နေကလည်း ဒီ tweet ဟာ စော်ကားပြောဆိုတဲ့ အသုံးအနှုန်းဖြစ်ပေမယ့် သိက္ခာချတဲ့ အဆင့်အထိ မရောက်သလို အန်းဆွတ်ကို ထိခိုက်နစ်နာပါတယ်လို့လည်း သက်သေပြစရာ မရှိဘူးလို့ ချေပထားပါတယ်။ အန်းဆွတ်ရဲ့ ရှေ့နေ လင်းဝုဒ်ကတော့ ဒီအမှုကို Billionaire Bully (ဘီလျံနာအနိုင်ကျင့်မှု) လို့ ပြောကြားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က