ဖာနန်ဒက်စ်ကို အနာဂတ်အသင်းခေါင်းဆောင်အဖြစ်သတ်မှတ်နေကြတာပါ။

အဓိကမြို့ခံပြိုင်ဘက်မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒက်စ်အပေါ် နည်းပြဆိုးလ်ရှားအပါအဝင် ပရိသတ်အားလုံးကပါ ချီးကျူးထောက်ခံနေကြ တာလည်းဖြစ် ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအနေနဲ့ ကစားသမားသစ်ဖြစ်ပေမယ့် ခြေစွမ်းပြကစားနိုင်တဲ့ အပြင် အသင်းကိုပါဦးဆောင်နိုင်တဲ့ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ကျေနပ်နေခဲ့ပြီး အနာဂတ်မှာကန်တိုနာလက်သ စ်ဖြစ်လာနိုင်တယ်လိုု့လည်း ယူဆနေတယ်လို့ dailymail က သုံးသပ်ဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်တွင် စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့လာခဲ့ တဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ကိုယ်စားပြုခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲမှာ ၃ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အပြင် အသင်း ဖော်တွေအတွက် ဂိုးဖန်တီးမှု ၂ကြိမ်အထိလုပ်ဆောင်ပေးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြကစားနိုင်နေတာလည်းဖြစ်ပါ တယ်။



လက်ရှိမှာ ဖာနန်ဒက်စ်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုများကို ပရိသတ်အများစုက အသင်းရဲ့ဂန္ထဝင်အသင်းခေါင်းဆောင် တွေဖြစ်တဲ့ အဲရစ်ကန်တိုနာ၊ ၀ိန်းရွန်းနီတို့နဲ့ နှှိုင်းယှဉ်မှုများပြုလုပ်နေခဲ့တာဖြစ်ပြီး အသင်းကိုဦးဆောင်ကစားနိုင် တဲ့အခြေအနေတွေကြောင့် အနာဂတ်အသင်းခေါင်းဆောင်တစ်ဦးပင် ဖြစ်လာနိုင်တယ်လို့ ယူဆနေခဲ့တာလည်း ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းများအရ ဖာနန်ဒက်စ်အနေနဲ့ အရင်အသင်းဟောင်းတွေဖြစ်တဲ့ အူဒီးနိစ်၊ဆမ်ဒိုး ရီးယား၊ စပို့တင်းလစ္စဘွန်းအသင်းများတွင် နိုင်လိုစိတ်အပြင်းထန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီးနိုင်ပွဲ အတွက် အသင်းဖော်တွေကို ရေကုန်ရေခမ်းကစားဖို့ စည်းရုံးနိုင်သူဖြစ်တယ်လို့လည်း ပရိသတ်တွေကသတ်မှ တ်ခဲ့တာပါ။

နည်းပြဆိုးလ်ရှားကိုယ်တိုင် ဖာနန်ဒက်စ်ကို ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့သလို မန်စီးတီးနည်းပြဂွါဒီယိုလာကို ခွန်းတုံ့ပြန်ပြောဆိုဆက်ဆံခဲ့တဲ့ အပြုအမူကလည်း ယူနိုက်တက်ကစားသမားတွေရဲ့ စိတ်ဓါတ်ဖြစ်တယ်လို့ဝေ ဖန်သုံးသပ်မှုများရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က