နောဝှစ်နဲ့မတိုင်မီ လီဗာပူး၊ပါတီဇန်တို့နဲ့ ကစားဖို့ ရှိပါသေးတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းက လိဂ် ၈ ပွဲကစားပြီးချိန် အဆင့် ၁၂ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ကအသင်းထက် ၂ မှတ်သာ များနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယခုလကုန်ပိုင်းမှာ တွေ့ဆုံ ယှဉ်ပြိုင်ရမယ့် နောဝှစ်အသင်းနဲ့ပွဲစဉ်မှာ အရှုံးနဲ့ ထပ်မံ ရင်ဆိုင်ရမယ်ဆိုရင်တော့ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်တော့မယ်လို့ The Sun သတင်းဌာနက ဖော်ပြလာပါတယ်။

ဆိုးလ်ရှားအနေနဲ့ နောဝှစ်အသင်းနဲ့ မရင်ဆိုင်ခင် ကြားထဲမှာ လီဗာပူးကို အိမ်ကွင်းဧည့်ခံကစားရဦးမှာ ဖြစ်သလို ပါတီဇန်အသင်းနဲ့လည်း ယူရိုပါလိဂ် အဝေးကွင်းကစားရဖို့ ရှိပါသေးတယ်။

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့တွေအနေနဲ့ နောဝှစ်အသင်းနဲ့ ပွဲစဉ်ထိ စောင့်ဆိုင်းသွားဖို့ ရှိနေပြီး ဒီပွဲမှာ ရလဒ်မကောင်းရင်တော့ ၆ နှစ်အတွင်း ၅ ဦးမြောက် နည်းပြကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ ဝက်စ်ဟမ်း၊ပဲလေ့စ်နဲ့နယူးကာဆယ်တို့ကို အရေးနိမ့်ထားပြီး ဖြစ်ပါ တယ်။



ဖာဂူဆန်အလွန် နည်းပြ ၄ ဦးရဲ့ အနိုင်ရာခိုင်နှုန်းတွေမှာလည်း ဆိုးလ်ရှားက ၄၈ ရာခိုင်နှုန်းသာရှိပြီး အနည်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့်သူတွေအဖြစ် လက်ရှိမှာ ပိုချက်တီနို၊ရောဂျာ၊ အယ်လီဂရီနီ စတဲ့ နည်းပြတွေ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

Share

Loading Next Article...
က္က