ပရိသတ်တွေကို စိတ်ရှည်ကြဖို့ တောင်းဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက အသင်းဖော်ဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို အချိန်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ခရစ်စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သလို ဆောက်သမ်တန်အသင်းကိုလည်း သရေကျခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီအစောပိုင်းကတည်းက ပြိုင်ဘက်လီဗာပူးအသင်းနဲ့ အမှတ်ကွာဟနေပြီဖြစ်ပေမယ့် ယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက ယူနိုက်တက်ဟာ ယာဂင်ကလော့ပ်လက်အောက်မှာ လီဗာပူးလုပ်နိုင်ခဲ့သလိုပဲ ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။


“မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းတွေမှာ ဂွါဒီယိုလာနဲ့ ယာဂင်ကလော့ပ်တို့ လုပ်နိုင်ခဲ့တဲ့အရာတွေအတွက် မှန်ကန်အောင်လုပ်နိုင်ဖို့ အချိန်ယူခဲ့ရပါတယ်”

“အဲဒီလို လုပ်နိုင်ဖို့ အချိန်ယူရပါမယ်။ ဆိုးလ်ရှားက မန်ချက်စတာစီးတီးကို အမွေဆက်ခံခဲ့တဲ့ ဂွါဒီယိုလာထက် လီဗာပူးအသင်းကို ကလော့ပ်တည်ဆောက်ခဲ့သလို အလုပ်ပိုလုပ်နေပါတယ်”

“ခင်ဗျားမှာ မန်ချက်စတာယူနိုက်တက်အသင်းလိုမျိုး ငယ်ရွယ်တဲ့ကစားသမားတွေနဲ့တည်ဆောက်ထားတဲ့အသင်းရှိတဲ့အခါမှာ ကစားသမားတွေက ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်ပြီး သူတို့ကိုယ် သူတို့ တိုးတက်အောင် ကြိုးစားနေရတဲ့သူတွေအများကြီးရှိနေပါတယ်”

“ယူနိုက်တက်ပရိသတ်တွေစိတ်ပျက်ရတဲ့အကြောင်းကတော့ အသင်းရောက်ရှိခဲ့တဲ့နေရာကြောင့်ပါ။ ပြီးခဲ့တဲ့သမိုင်းကြောင်းမှာ ဆာအဲလက်စ်ဖာဂူဆန်လက်အောက် ကြီးမားတဲ့အောင်မြင်မှုတွေရှိနေဆဲပါ။ ဒါပေမယ့် အဲဒါတွေက အခုဆိုရင် ၆ နှစ်၊ ၇ နှစ်လောက်ရှိနေပါပြီ”

“တည်ဆောက်ရေးကို စိတ်ပျက်မှုတွေ အခုရှိနေပါတယ်။ တကယ်ကို စိတ်ပျက်စရာပါ။ သူတို့တွေ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မရှိနေပါဘူး”လို့ Gary Neville Podcast မှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က