ကြားရက်မှာ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်၊ချဲလ်ဆီးနဲ့အက်ဖ်အေ၊လီဗာပူးနဲ့ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက်ကစားဖို့ရှိနေပါတယ်။

ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၁၀ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ်ဟာ အမြဲတမ်း နည်းပြခန့်အပ်ဖို့ မန်ယူအသင်းပိုင် ရှင်တွေကို ဆုံးဖြတ်ချက် ချမှတ်စေခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အမေရိကန်လူမျိုး အသင်းပိုင်ရှင်ကတော့ ယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်း နည်းပြ အဖြစ် တိုးမြှင့်ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ EXPRESS သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အေဗရန်ဂလေဇာနဲ့ ဆိုးလ်ရှားတို့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီးနောက် အခုလို သတင်းထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မန်ယူအသင်းပိုင်ရှင်တွေ ဖြစ်တဲ့ အေဗရန် ဂလေဇာနဲ့ဂျိုးလ် တို့ဟာ ဆိုးလ်ရှားကို တာဝန် ပေးအပ်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပြီး တရားဝင် ကြေညာဖို့ကတော့ အနည်းငယ် အချိန်ကြာဦးမယ်လို့ EXPRESS က ဖော်ပြပါတယ်။

ဒီဇင်ဘာလက နည်းပြ မော်ရင်ဟို အသင်းနဲ့ လမ်းခွဲသွားပြီးနောက် စပါးနည်းပြဖြစ်တဲ့ ပွန်ချက်တီနိုက မန်ယူရဲ့ အမြဲတမ်း နည်းပြဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။

ဒီအချိန်မှာ ဆိုးလ်ရှားက ယာယီကိုင်တွယ်ခဲ့ပြီးတော့ ၁၁ ပွဲကိုင်တွယ်ရာမှာ ၁၀ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ အထင်ကြီးစရာ ရလဒ်ကို စွမ်းဆောင်ပြလိုက်ချိန်မှာတော့ အမြဲတမ်း နည်းပြအတွက် မန်ယူပိုင်ရှင်တွေ ဆုံးဖြတ်လိုက်တာလို့ EXPRESS က ပြောခဲ့ပါတယ်။

လာမယ့် ကြားရက်မှာတော့ ဆိုးလ်ရှားအတွက် နောက်ထပ် စမ်းသပ်မှုကြီးတစ်ရပ်ရှိနေပြီး ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံ လိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ကစားရပါမယ်။ အဲ့ဒီနောက် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲကို ဆက်လက်ကစားရမှာဖြစ်ပြီး လီဗာပူးနဲ့လည်း ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က