ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

ဆိုးရှားလ်ရဲ့ အသင်းလူထုတ်ပုံအပေါ်မှာ ပရိသတ်တစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပြီး ထိုသို့ပြောဆိုမှုအပေါ်ကို ကွင်းလယ်လူမာတစ်က ထောက်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပရိသတ်တွေရဲ့ ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဆိုးရှားလ်ရဲ့ အသင်းလူထုတ်ပုံအပေါ်မှာ ပရိသတ်တစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပြီး အဆိုပါပြောဆိုမှုအပေါ်ကို ကွင်းလယ်လူမာတစ်က ထောက်ခံသွားခဲ့တယ်လို့ သိရပါတယ်။

Metro ရဲ့ ဖော်ပြချက်အရ အဆိုပါပရိသတ်က မာတစ်ကို အသင်းကနေပါ ထွက်ခွာသွားဖို့ ပြောဆိုခဲ့တယ်လို့ သိရပြီး ဆိုးလ်ရှားအပေါ်မှာ မုန်းတီးမိတယ်လို့လည်း ရေးသားခဲ့ကြောင်းသိရပါတယ်။ ယူနိုက်တက်ကွင်းလယ်လူမာတစ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ လူစားလဲပါဝင်ခွင့် ရရှိခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် ပထမဆုံးအကြိမ် ကစားပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဦးဆောင်ဂိုးကို ဆောက်သမ်တန်က ပြန်လည်ချေပသွားခဲ့ပြီး ဒုတိယပိုင်းမှာ လူတစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့်လည်း ဆိုးလ်ရှားရဲ့အသင်းက အနိုင်ဂိုးမသွင်းနိုင်ခဲ့ပဲ ရှိခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတာလည်းဖြစ်ပြီး လေးပွဲကစားအပြီးမှာ ငါးမှတ်သာရရှိထားခဲ့ပါတယ်။

"မာတစ်၊ တကယ်လို့ ဆိုးလ်ရှားက သူ့အသင်းအတွက် ခင်ဗျားကို မလိုအပ်ဘူးဆိုရင် အသင်းကနေ ထွက်သွားပါတော့၊ ဆိုးလ်ရှားက သူ့အသင်းကွင်းလယ်မှာ ခင်ဗျားလို ကစားသမားလိုအပ်တယ်ဆိုတာကို မသိဘူးလို့ ကျွန်တော်ထင်တယ်၊ သူ့အပေါ်ကိုတော့ ကျွန်တော့်ရဲ့ မုန်းတီးမှုတွေက စတင်နေပါပြီ" လို့ ဂူစတာဗိုဆာဂျီယိုဆိုသူက ရေးသားခဲ့တာကို မာတစ်က Like ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများအရတော့ ယူနိုက်တက်ရဲ့ တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီမှာအသင်းအတွက် ဂိုးကန်သွင်းခွင့် ၃ကြိမ်သာ ရရှိခဲ့ပေမယ့်လည်း အဆိုပါ ၃ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂျိမ်းစ်က ဒီရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က