ရိုးမားအတွက် ဒီရာသီ စီးရီးအေ ပထမဆုံးရှုံးပွဲလည်း ရင်ဆိုင်လိုက်ရပြီလည်း ဖြစ်ပါတယ်။

ရိုးမားက အတ္တလန္တာကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ယူနိုက်တက်ကနေ အငှားနဲ့ လာကစားနေတဲ့ နောက်ခံလူ စမောလင်း ပထမဆုံး ပွဲထွက် ကစားနိုုင်ခဲ့တယ်လို့ BBC SPORTရဲ့ ဖော်ပြချက် အရသိရပါတယ်။
ယခုရှုံးပွဲကြောင့် စီးရီးအေမှာ ရိုးမားအသင်းအနေနဲ့ ပထမဆုံးအရှုံးနဲ့ စတင်ရင်ဆိုင်လိုက်ရပြီ ဖြစ်ပြီး စမောလင်း အတွက် အဖွင့်မလှခဲ့ပေ။
စမောလင်းအနေနဲ့ အဖွင့်ပွဲအရှုံးနဲ့ ရင်ဆိုင်ရပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ဖျက်ထုတ်မှု အချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာ ယူနိုက်တက်က မက်ဂွဲယားနဲ့ဝမ်ဘစ်ဆကာတို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံး သွားတာကြောင့် ရိုးမားကို အငှားနဲ့ လာကစားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စမောလင်းအနေနဲ့ မကြာခဏ ဆိုသလို ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ အမှားတွေကြောင့်လည်း ပရိသတ်နဲ့နည်းပြရဲ့ ယုံကြည်မှု လျော့ကျလာခဲ့သူ ဖြစ်ပါတယ်။
ရိုးမားအနေနဲ့ စီးရီးအေမှာ ၂ ပွဲနိုင် ၂ ပွဲသရေကျကာ ယခုတစ်ပွဲရှုံးလိုက်တာကြောင့် ရမှတ် ၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။