အဝတ်အစားတွေ လှူဒါန်းဖို့အတွက် ပြင်ဆင်နေတာပါ။

သရုပ်ဆောင် နေထက်လင်းနဲ့ ဝေဠုကျော်တို့ဟာ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည်အသစ်များနဲ့ အထည်ပေါင်း ၁၅၀၀ ကျော်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း



ပရဟိတမင်းသားတွေဖြစ်တဲ့ နေထက်လင်းနဲ့ ဝေဠုကျော်တို့ဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားများ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည် အသစ်(၁၀)ထုပ် အထည်ပေါင်း ၁၅၀၀ ကျော်ကို ဒုတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

ဥက္ကဌ ဖြစ်သော သရုပ်ဆောင် ကိုနေထက်လင်း ဦးဆောင်သည့် စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေးနှင့် ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ သို့ ဒုတိယဥက္ကဌ ဖြစ်သော #ကိုဝေဠုကျော်(#ဝေဠုကျော်ဖောင်ဒေးရှင်း) မှ  ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည် အသစ် ၁၀ထုပ် အထည်ပေါင်း ၁၅၀၀ ကျော် ကို ဒုတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ ပေးလိုက်ပါသည်။” လို့ ဧပြီ(၃) ရက်နေ့က ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

ပထမအကြိမ်က အထည်(၃၀၀၀)ကျော်ကို ထောက်ပံ့ကူညီပေးဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူချစ် အနုပညာရှင် များဖြစ်တဲ့ နေထက်လင်းနဲ့ ဝေဠုကျော်တိုု့ရဲ့ ပရဟိတစိတ်ဓာတ်လေးတွေကိုလည်း ပရိသတ်တွေက ချီးကျူးလို့နေကြပါတယ်။

သရုပ်ဆောင် နေထက်လင်းဟာ လက်ရှိမှာ နေတိုးတို့နဲ့အတူ ရခိုင်ပြည်နယ်မှာ ဘုရားတည်ဖို့အတွက် သွားရောက်နေပြီလို့ သိရပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က