နှလုံးခုန်နှုန်းပါ တိုင်းတာပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ မှန်ပြင်အောက်လက်ဗွေစနစ်သုံး realme ဖုန်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။
realme 9 Pro+ ဟာ အားကောင်းတဲ့ MidRange Chipset ၊ အကြီးစားဘက်ထရီ ၊ အမြန်အားသွင်းနည်းပညာတွေနဲ့ စိတ်ဝင်စားစရာကင်မရာလုပ်ဆောင်ချက်တွေ ပါဝင်တဲ့ဖုန်းပါ။ မျက်နှာပြင်အရွယ်အစား ၆.၄၃ လက်မ AMOLED Display ဟာ FHD+ ရုပ်ထွက်နဲ့ 90Hz Refresh Rate ပါရှိပါတယ်။

Photo: Gadgets NDTV
အပေါ်မှာ ပြောခဲ့သလို လုံခြုံရေးအတွက် သုံးတဲ့ မှန်ပြင်အောက်လက်ဗွေဖတ်စနစ်ဟာ လူရဲ့ နှလုံးခုန်နှုန်းပါ တိုင်းတာပေးနိုင်စွမ်းရှိပါတယ်။ Mid-Range 5G Processor ဖြစ်တဲ့ Dimensity 920 Chipset နဲ့အတူ RAM 6GB , 8GB ၊ 128GB , 256GB Storage ဗားရှင်းတွေ ထွက်ထားပါတယ်။
ကျောဘက်စတုဂံကျကျ ကင်မရာအိမ်ထဲမှာ realme 9 Pro+ ဟာ OPPO Find X3 Pro လိုမျိုး Sony IMX766 Sensor နဲ့အတူ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးထားပါတယ်။ မှန်ပြင်အပေါ်ဘယ်ထောင့် Punch-Hole ထဲမှာတော့ 16MP Selfie ကင်မရာ ထည့်ပေးထားပါတယ်။
ကာလာ သုံးရောင်နဲ့လာပြီး စိတ်ဝင်စားစရာအကောင်းဆုံးက Sunrise Blue ကာလာဖြစ်ပြီး ဒီအရောင်က နေရောင် ဒါမှမဟုတ် UV Light နဲ့ ထိတွေ့တဲ့ စက္ကန့်ပိုင်းအတွင်း အပြာကနေ ပန်းဖျော့အနီသွေးကာလာသစ်တွေ ပြောင်းသွားနိုင်တဲ့ Photochromic Layer နဲ့လာပါတယ်။ ၃ စက္ကန့်အတွင်း အပြာရောင်ကနေ ပြောင်းသွားတာ ဖြစ်ပြီး ၅ မိနစ်ကြာမှ အပြာရောင်ကို ပြန်ပြောင်းတာပါ။
Photo: 91Mobiles
ဘက်ထရီပါဝါ 4500mAh ဟာ 60W SuperDart Charging နဲ့လာပါတယ်။ Sunrises Blue အပြင် Aurora Green နဲ့ Midnight Black အရောင်တွေနဲ့လည်း ထွက်ထားပါတယ်။ 6/128GBဗားရှင်းကို ၂၄၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးကနေ စတင်ရောင်းချသါားမယ်လို့ ဆိုပါတယ်။