Cybertruck တော့ ဒီနှစ်ထဲ ထွက်မှာ မဟုတ်ပါဘူး

Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကတော့ ဒီနှစ်အတွက် ကုမ္ပဏီရဲ့ အရေးပါဆုံးထုတ်ကုန်ဟာ Tesla Bot ဖြစ်မယ်လို့ ဆိုပါတယ်။ 

ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေရလဒ်ရှင်းတမ်းမှာ ကုမ္ပဏီရဲ့ CEO အီလွန်မတ်စ်က လူပုံတူစက်ရုပ် Humanoid Robot ထုတ်ကုန်ဖွံ့ဖြိုးရေးဟာ ဒီနှစ်အတွက် ကုမ္ပဏီရဲ့ အရေးပါဆုံးထုတ်ကုန်ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။ မတ်စ်ဟာ Tesla Bot စက်ရုပ်ကို လူစိတ်ဝင်စားမှုများနေတဲ့ ကုမ္ပဏီရဲ့ Cybertruck နဲ့ Semi ၊ Roadster တို့အပါအဝင် တခြား မော်တော်ယာဉ်တွေထက် ဦးစားပေးအကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။



ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ကုမ္ပဏီရဲ့ AI Day မှာ စက်ရုပ်ဝတ်စုံကို လူနဲ့ ဝတ်ဆင်ပြီး ပုံစံတူသရုပ်ပြတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က လူနဲ့သရုပ်ဆောင်ထားတာ ဖြစ်ပေမယ့် Tesla Bot တွေက တကယ်ဖြစ်လာမယ့်အရာလို့ ပြောခဲ့ပါတယ်။ "ကျွန်တော်တို့က အာရုံခံ Sensor တွေနဲ့ ဘက်ထရီပိုင်းမှာ တော်ကြတယ်။ နောက်နှစ်ထဲမှာ ဒါနဲ့ ပုံစံတူ တကယ့် Prototype မော်ဒယ်တစ်ခုကို ထုတ်ဖြစ်ဖို့ရှိတယ်။" လို့ မတ်စ်က ပြောခဲ့ပါတယ်။ 

Photo: artsakh


AI Day မှာ နမူနာပြောသွားတဲ့ Tesla Bot ဟာ ပုံမှန်လူတစ်ယောက်ရဲ့ ပုံစံမျိုးဖြစ်ပြီး အရပ် ၅ ပေ ၈ လက် ပေါင်ချိန် ၁၂၅ ပေါင်ရှိပြီး အပေါ့စား Lightweight Materials တွေနဲ့ ထုတ်ထားသလို လူတစ်ယောက်လို လက်ချောင်းတွေလည်း ပါရှိမှာပါ။ မျက်နှာနေရာမှာ သတင်းအချက်အလက်တွေ ဖော်ပြနိုင်မယ့် Screen တစ်ခုလည်း ရှိထားသလို လျှပ်စစ်ယန္တရားနည်းပညာသုံး ကွေးဆန့်လှုပ်ရှားနိုင်တဲ့ Actuators အဆစ်တွေ ၄၀ အထိ ပါရှိမယ်လို့ ဆိုပါတယ်။ 

Tesla ယာဉ်တွေသုံးထားတဲ့ AI ဉာဏ်ရည်တုနည်းပညာသုံးထားတဲ့ ဒီစက်ရုပ်ရဲ့ ခေါင်းထဲမှာ Autopilot ကင်မရာတွေ တပ်ဆင်ထားပြီး အလေးချိန် ၄၅ ပေါင် သယ်သွားနိုင်သလို ပေါင် ၁၅၀ လေးလံတဲ့ အရာဝတ္ထုတွေကို မ,နိုင်မယ်လို့ ဆိုပါတယ်။ တစ်နာရီကို ၅ မိုင်နှုန်းနဲ့ ပြေးနိုင်မယ်လို့လည်း ပြောထားပါတယ်။ ဒီစက်ရုပ်ဟာ Tesla စက်ရုံထဲက ပစ္စည်းအပိုင်းတွေ တစ်နေရာကနေ တစ်နေရာ ပို့ရာမှာ စတင်အသုံးပြုဖို့ ရှိပြီး နောက်ပိုင်းမှာ ဝန်ထမ်းအင်အား ပြတ်လပ်တဲ့ ပြဿနာတွေပါ ဖြေရှင်းလာနိုင်မယ်လို့ ဆိုပါတယ်။ 

Tesla CEO အီလွန်မတ်စ်ကတော့ "ပြင်ပလောကမှာသာ လေ့ကျင့်ပေးထားမယ်ဆိုရင် အထူးသဖြင့် Optimus ပေါ်ပေါက်လာတာနဲ့ Tesla AI ဟာ AGI (Artificial General Intelligence) ပိုင်းမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာနိုင်တယ်" လို့ Tweet တင်ထားပါတယ်။ AGI ဆိုတာ လူတွေ လုပ်နေတဲ့ အလုပ်တာဝန်တွေကို စက်တွေ နားလည်လေ့လာနိုင်တဲ့ နည်းပညာတစ်မျိုး ဖြစ်ပါတယ်။ 

Photo: CNBC


"ကျွန်တော်ထင်တယ်။ နောက်ဆို အချိန်ကြာလာတာနဲ့အမျှ မော်တော်ယာဉ်စီးပွားရေးထက် ဒီ (စက်ရုပ်) အပိုင်းက ပိုပြီး သိသာထင်ရှားလာလိမ့်မယ်" လို့ မတ်စ်က ဆိုပါတယ်။ Tesla ရဲ့ စက်ရုပ်ပရောဂျက်ကို Optimus လို့ ကုဒ်နာမည်ပေးထားပါတယ်။ Tesla ဟာ ဒီနှစ်ထဲမှာ Cybertruck ကားလည်း ထုတ်ဖြစ်ဖို့ အစီအစဉ်မရှိသလို ဒေါ်လာ ၂၅၀၀၀ တန် ကား ထုတ်လုပ်နေခြင်းလည်း မရှိဘူးလို့ မတ်စ်က ပြောပါတယ်။ 

မတ်စ်ဟာ ရှေ့ပြေးနည်းပညာဆန်းသစ်မှုတွေအကြောင်း ပြောလေ့ရှိပေမယ့် သူ့ရဲ့အစီအစဉ်တွေဟာ သတ်မှတ်ထားတဲ့ကာလအတွင်း ဖြစ်မလာတာတွေလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် ၂၀၁၉ ဧပြီလထဲမှာ ကျင်းပသွားတဲ့ Autonomy Day မှာ ကုမ္ပဏီဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ရောက်ရင် လမ်းပေါ်မှာ အလိုအလျောက်မောင်းနှင်နိုင်မယ့် Robotaxis ပေါင်း ၁ သန်း ရှိလာမယ်လို့ ဆိုခဲ့ပေမယ့် အဲ့ဒီ Robotaxis တွေ တကယ်တမ်း မိတ်ဆက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 


Share

Loading Next Article...
က္က