• ကံဆိုးမိုးမှောင်ကျရုံတင်မက မိုးကြိုးပါအပစ်ခံနေရတဲ့ ပေါ့ဘာရဲ့အဖြစ်

ပေါ့ဘာတို့ တားမြစ်ဆေးကျရှုံးခဲ့တာပါ။

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲထားခြင်းရှိ၊ မရှိ စစ်ဆေးတဲ့အချိန်မှာ ဆေးကျခဲ့ကြောင်း သိရှိရပါတယ်။ ဒီရာသီ စီးရီးအေအဖွင့်ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အူဒီနီးစ်တို့ပွဲအပြီးမှာ ပေါ့ဘာက ဒီလိုဖြစ်ခဲ့တာပါ။

image

အဆိုပါပွဲမှာ ပေါ့ဘာက တစ်မိနစ်မှ ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ပွဲအပြီး ဆေးစစ်တဲ့နေရာမှာ ပေါ့ဘာက တားမြစ်ဆေးသုံးစွဲထားခြင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ပေါ့ဘာအနေနဲ့ အခု ဆေးစစ်ချက်အတွက် အယူခံတင်နိုင်ပြီး (၃) ရက်အတွင်း ပြန်လည်ဆေးစစ်နိုင်တယ်လို့ သိရှိရပါတယ်။

image

လက်ရှိမှာ ပေါ့ဘာကို ကစားခွင့်ပိတ်ပင်ထားပြီး တကယ်လို့မှ ပေါ့ဘာတစ်ယောက် ဆေးထပ်ကျခဲ့မယ်ဆိုရင်တော့ ကာလရှည်ပွဲပယ်ပြစ်ဒဏ်တစ်ရပ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာလည်း ဒူးဒဏ်ရာကြောင့် ဂျူ‌ဗင်တပ်စ်မှာ ပွဲကစားခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။

အဆိုပါ ပြင်သစ်လက်ရွေးစင်ကစားသမားအနေနဲ့ လက်ရှိရာသီမှာလည်း ဂျူဗင်တပ်စ်အတွက် (၃၂) မိနစ်သာ ကစားပေးထားရပါတယ်။ အဲ့ဒီနောက်မှာတော့ အခုလိုမျိုး ဆေးကျတဲ့အဖြေက ထွက်ပေါ်လာခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမယ်ဆိုရင် ဂျူဗင်တပ်စ်ဘက်က ပေါ့ဘာကို စာချုပ်ဖျက်သိမ်းဖွယ်ရှိပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ကွင်းအတွင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ကွင်းပြင်ပမှာလည်း မိသားစုပြဿနာအရှုပ်အရှင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ အခုချိန်မှာတော့ ဆေးပါထပ်ကျခဲ့တာဖြစ်ပြီး ပေါ့ဘာအတွက် ကံဆိုးခြင်းတွေက ရပ်တန့်ခြင်းမရှိသေးဘူးလို့ပဲ ဆိုရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က