• ကံဆိုးတာတောင် ရိုးရိုးမဆိုးဘဲ ရှယ်ကိုမှ ဇွန်းတပ်ပြီးဆိုးခဲ့တဲ့ ခရိုအေးရှားတိုက်စစ်မှူး

ခရိုအေးရှားတို့ တစ်ဂိုးတောင် ပြန်မရလိုက်တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ ခရိုအေးရှားပွဲမှာ ခရိုအေးရှားတို့ သိက္ခာဆယ်တစ်ဂိုးရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ စပိန်က ပထမပိုင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

image

စပိန်အတွက်ဂိုးတွေကို မိုရာတာ၊ ဖာဘီယန်ရုဇ်နဲ့ နောက်ခံလူ ကာဗာဟယ်လ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ခရိုအေးရှားက ရှေ့၊ လယ်၊ နောက် နေရာစုံမှာ စပိန်ကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ တော်တော်လေး အခက်တွေ့ခဲ့ရပြီး ဂိုးပြတ်ရှုံးခဲ့တာပါ။

image

ဒုတိယပိုင်းမှာတော့ ပွဲက အေးသွားပေမယ့် ခရိုအေးရှားတို့ ချေပဂိုးရဖို့ ဆက်တိုက်ကြိုးစားခဲ့ပါတယ်။ ပွဲကစားချိန် (၇၂) မိနစ်မှာ လူစားဝင်လာတဲ့ ခရိုအေးရှားတိုက်စစ်မှူး ပက်ကိုဗစ်က အပိုင်အခွင့်အရေးတွေ ရရှိခဲ့တာပါ။ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန်ရဲ့ အမှားကတစ်ဆင့် ဂိုးလွတ်ကြီးကို အပိုင်ကန်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် စပိန်ကွင်းလယ်လူ ရိုဒရီက သူ့ကို နောက်ကနေ ချိတ်လှဲလိုက်သလိုဖြစ်ခဲ့ပြီး ပင်နယ်တီပဲရခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီကလည်း အဝါကတ်ပဲ အပြခံခဲ့ရတာပါ။ ပင်နယ်တီကန်တော့လည်း ပက်ကိုဗစ်ရဲ့ ကန်ချက်ကို အူနိုင်းဆိုင်မွန်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီကာကွယ်မှုကတစ်ဆင့်ပဲ အသင်းဖော် ခင်းပေးလိုက်တဲ့ ဘောလုံးကို ပက်ကိုဗစ်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပက်ကိုဗစ်ကတော့ လူစားဝင်လာပြီး အသင်းအတွက် သိက္ခာဆယ် သွင်းဂိုးတစ်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကံတရားက တော်တော်လေး ဆိုးရွားခဲ့ပြီး မှတ်ကျောက်တင်စရာ ကံဆိုးမှုနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က