• Featured

    ကန်စွန်းဥက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူး (၇) ခု

ကန်စွန်းဉချိုချိုလေးက အာဟာရဓာတ်တွေ အများကြီးပေးစွမ်းနိုင်ပါတယ်။

လိမ္မော်ရောင်၊ အဝါရောင် နဲ့ ခရမ်းရောင် ကန်စွန်းဉတွေကို ကြိုက်နှစ်သက်သူတွေထဲမှာ သင်ရော ပါဝင်နေပါသလား။ ပါဝင်တယ်ဆိုရင်တော့ ဝမ်းသာစရာသတင်းကောင်းတစ်ခုပြောပြပေးချင်ပါတယ်။ အဲဒါကတော့ ကျန်းမာရေးအတွက် စိတ်ညစ်စရာလုံးဝမလိုတော့ဘူးဆိုတာပါပဲ။ 

ဒီလို ကန်စွန်ဥချိုချိုလေးတွေကနေ ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်သလဲဆိုတာ ကြည့်ကြရအောင်။

 
image

Photo - ealthline.com

၁။အာဟာရဓာတ်ပြည့်ဝစွာရရှိနိုင်ခြင်း 

ကန်စွန်းဥဟာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်တွေ နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကန်စွန်းဉမှာ ကယ်လိုရီ ၊ ကာဗိုဟိုက်ဒရိတ် ၊ ပရိုတိန်း ၊ အဆီ ၊ အမျှင်ဓာတ် ၊ ဗီတာမင်အေ ၊ ဗီတာမင် C ၊ မဂ္ဂနီဆီယမ် ၊ ဗီတာမင် B6 ၊ ပိုတက်ဆီယမ် ၊ Pantothenic အက်ဆစ်စတဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အထူးသဖြင့်လိမ္မော်ရောင် နဲ့ ခရမ်းရောင်မျိုးကွဲတွေဟာ ခန္ဓာကိုယ်ကိုကာကွယ်ပေးသော antioxidants တွေ များစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာ၊ နှလုံးရောဂါ နဲ့ နာတာရှည်ရောဂါတွေကို သက်သာစေပါတယ်။ 

၂။အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း 

ကန်စွန်းဥမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်ကျန်းမာစေတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ကန်စွန်းဥရဲ့ အမျှင်ဓာတ်ဟာ ဝမ်းပျော့စေပြီး အစာချေဖျက်ရာမှာ လွယ်ကူစေတာကြောင့် ဝမ်းချုပ်တာတွေ မဖြစ်စေတော့ပါဘူး။ ကန်စွန်းဉကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် အူမကြီးကို ကျန်းမာသန်စွမ်းစေတဲ့ fatty acid တွေ တိုးစေသလို အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ခြင်း 

ကန်စွန်းဥမှာကင်ဆာအမျိုးမျိုးကိုကာကွယ်ပေးနိုင်တဲ့အမျိုးမျိုးသောဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ၀ င်ပါတယ်။

ခရမ်းရောင်ကန်စွန်းဉမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆီးအိမ်၊ အူမကြီး၊ အစာအိမ်နဲ့ ရင်သားကင်ဆာတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းနှေးကွေးအောင်လည်း ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ 

Photo - ealthline.com

၄။အမြင်အာရုံကောင်းမွန်စေခြင်း 

လိမ္မော်ရောင် ကန်စွန်းဥတွေမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကတော့ ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့အခါ ဗီတာမင် အေ ဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဗီတာမင် အေ ဟာ မျက်စိအမြင်အာရုံကို အားကောင်းစေပြီး မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ၊ အလင်းစူးတာတွေ၊ မျက်စိဆဲလ် ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဦးနှောက်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်ခြင်း 

ခရမ်းရောင်ကန်စွန်းဉတွေမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ခရမ်းရောင်ကန်စွန်းဉမှာ ပါဝင်တဲ့ anthocyaninsဟာ ဦး နှောက်ကိုရောင်ရမ်းမှုကိုလျော့ကျစေပြီး free radical ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ကာ စိတ်ကျရောဂါနှင့် ဦး နှောက်အာရုံကြောဆိုင်ရာကျဆင်းနိုင်ခြေ ၁၃% လျော့နည်းစေတယ်လို့ လေ့လာမှုတွေ အရသိရပါတယ်။

:Photo - feelaliveuk

၆။ခန္ဓာကိုယ်ရဲ့ ခံအားစနစ်ကို အားကောင်းစေခြင်း 

လိမ္မော်ရောင် ကန်စွန်းဉတွေက ရရှိတဲ့ ဗီတာမင်အေဓာတ်ကတော့ ခန္ဓာကိုယ်တွင်းက ကိုယ်ခံအားစနစ်အတွက်အရေးပါတဲ့ ဓာတ်ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရဗီတာမင်အေချို့တဲ့သူတွေဟာ အူလမ်းကြောင်းရောင်ရမ်းခြင်းကိုမြင့်တက်စေပြီး ကိုယ်ခံအားစနစ်ကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် ကန်စွန်းဉကို ပုံမှန်စားသုံးခြင်းဖြင့်ဗီတာမင်အေချို့တဲ့ခြင်းကိုကာကွယ်နိုင်ပါတယ်။ 

၇။ကိုယ်အလေးချိန်ကျစေခြင်း 

အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်သလို အမျှင်ဓာတ်တွေ များစွာလည်း ပါဝင်တဲ့ ကန်စွန်းဉဟာ ကိုယ်အလေးချိန် ကိုလည်း ကျစေနိုင်ပါတယ်။ ကန်စွန်းဉကို စားသုံးခြင်းအားဖြင့် ဗိုက်မကြာခဏဆာတာ နဲ့ အစာစားချင်စိတ်မကြာခဏဖြစ်ပေါ်တာတွေကို လျှော့ချပေးနိုင်တဲ့အတွက် ဝိတ်ချလိုသူမဒီတွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။ 

ကဲ…..ဒီလို အာဟာရတွေပြည့်ဝစွာပါဝင်တဲ့ ကန်စွန်းဉကို ပြုတ်စားမလား၊ ဖုတ်စားမလား၊ သာကူထဲပဲ ထည့်စားမလားဆိုတာတော့ မဒီတို့ ဆုံးဖြတ်လိုက်ကြပါတော့နော်။ 

Ref: www.allrecipes.com

Share

Loading Next Article...
က္က