ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ချဲလ်ဆီးနဲ့အတူ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိနေတဲ့ ကွင်းလယ်လူ မေဆင်မောင့်က လာမယ့် ဆောင်းရာသီမှာ ကစားမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် ဗိုလ်စွဲနိုင်ခြေရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ အီတလီကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဒဏ်ရာတွေကို လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ပြန်လည်ကုစားနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း မေဆင်မောင့်က အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့က အခုလိုပဲ ထုတ်ဖော်ပြောကြားခခဲင််းြက တုင်း အိပ်မက်မက့်ပါတယ်။
မေဆင်မောင့်က “နှစ်နေရာလုံး (ကာတာနဲ့ယူအေအီး) မှာ အောင်ပွဲခံနိုင်ဖို့က ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ အခု ယူအေအီးမှာ ကလပ်ကမ္ဘာ့ဖလားရယူဖို့ ပစ်မှတ်ထားနေပြီး ဒီဆုဖလားနဲ့အတူ လာမယ့် ကာတာကမ္ဘာ့ဖလားကို သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါတွေက ခက်ခဲပါလိမ့်မယ်”
“ဒါပေမယ့် ကျနော်တို့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ အများကြီး ပုံစံကောင်းပြနိုင်မယ်လို့ ကျနော် သေချာပေါက် ခံစားမိနေပါတယ်။ ကျနော်တို့က အသင်းလိုက်အနေနဲ့ အများကြီးနှိမ့်ချမှုရှိပြီး ဘယ်လိုအောင်မြင်မှုတွေ ရယူနိုင်မလဲဆိုတာကို သိထားပြီးသားပါ”
“ကျနော်တို့ ကမ္ဘာ့ဖလားအတွက် ယုံကြည်ချက်ရှိနေပါတယ်။ အဲ့ဒီကို သွားဖို့ အချိန်လိုအပ်သေးပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ အများကြီး ကြိုးစားရမှာပါ။ အရင်ဆုံး ကျနော်တို့က အခု ဒီမှာ အရမ်းကြီးမားတဲ့ပွဲတပွဲကို ကစားရပါဦးမယ်။ ဘရာဇီးကလပ်နဲ့ ရင်ဆိုင်ရမှာပေါ့။ ဘရာဇီးမှာ ဒီဆုဖလားအတွက် ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းလဲ ခင်ဗျားတို့ သိပါတယ်”
“ဒီဆုဖလားက သူတို့အတွက် ဘယ်လောက်အရေးကြီးလဲ၊ ကြီးမားလဲဆိုတာကို ကျနော်တို့ အရင်ကပြောခဲ့ဖူးပါတယ်။ ကျနော်တို့ ချဲလ်ဆီးအတွက်တော့ ဆုဖလား ဆွတ်ခူးနိုင်ဖို့ဆိုတာက လုံးဝကို ကြီးမားတဲ့ ရည်မှန်းချက်ပါ။ အသင်းလိုက်ရော၊ ပုဂ္ဂိုလ်ရေးအရပါ ပြောမယ်ဆိုရင် ကျနော်တို့က ဆုဖလားတိုင်းကို လိုချင်တယ်၊ လမ်းကြောင်းမှန်ပေါ်ရှိနေပြီး ရှေ့ဆက်သွားချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။