• Featured

    (၁၀)ရက်အတွင်း YPS ကဒ် သိန်း ၇၀၀ကျော်ဖိုးအထိ ရောင်းချထားရ

ကဒ်အရေအတွက် (၁၇၀၀၀)ကျော်ရောင်းချပြီး ဖြစ်ပါတယ်။

YPS ကဒ်စနစ်မှာ ဇူလိုင်လ (၁၆)ရက်နေ့ကနေ (၂၅)ရက်ေနေ့အထိ (၁၀)ရက်အတွင်း YPS ကဒ် (၁၇,၀၀၀)ကျော်၊ တန်ကြေး ကျပ်သိန်း (၇၀၀)ကျော်ဖိုး ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။

image

YBS ယာဉ်လိုင်းတချို့မှာ YPS ကဒ်စနစ်တွေကို ဇူလိုင် (၂၃)ရက်နေ့ကစပြီး အသုံးပြုခဲ့ကြရပါတယ်။ 

YPS ကဒ်တွေကိုတော့ ဇူလိုင် (၁၆)ရက်နေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး (၁၀)ရက်အတွင်းမှာ ကဒ်ပေါင်း (၁၇,၄၁၆) ကဒ်ရောင်းချထားပြီး ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။  

“ ဇူလိုင် (၂၅)ထိ စာရင်းအရဆို ကဒ်အရေအတွက် (၁၇,၄၁၆)ကို သိန်း(၇၀၀)ကျော်ဖိုး ရောင်းချပြီးဖြစ်တယ်။ ဒီရက်ပိုင်းအတွင်းမှာ user တွေအနေနဲ့ သုံးစွဲတဲ့ အခါမှာ ကဒ်ကို နှစ်ခါပြန်ဖြတ်ရတဲ့နေရာမှာ အခက်အခဲတွေရှိနေတယ်။ အများစုက အဆင်းမှာကဒ်မဖြတ်ကြဘူး။ အဆင်းမှာ ကဒ်မဖြတ်တဲ့ ခရီးသည်ဦးရေတွေကိုလည်း စာရင်းလုပ်နေတယ် မနက်ဖြန်လောက်သိရပါမယ်။ အခုတော့ user တွေကို ကားအတက်၊အဆင်းမှာ ကဒ်ဖြတ်အောင်ပညာပေးတာတွေလုပ်ဆောင်နေရတယ်" လို့ Asia Stamar မှ Chief Marketing Officer ဒေါ်ရီရီမြင့်က Duwun ကိုပြောပါတယ်။ 

YPS ကဒ်စနစ်မှာ လက်ရှိမှာတော့ ယာဉ်စီးခတွေကို ပုံမှန်တိုင်း ကောက်ခံနေဆဲဖြစ်ပြီး နောက်ပိုင်းခရီးတွေအနေနဲ့ ကဒ်ဖြတ်တဲ့စနစ်ကို အသားကျသွားရင်တော့ ခရီးအကွာအဝေးအလိုက် ယာဉ်စီးခတွေကို ကောက်ခံသွားမှာပါ။ လက်ရှိအချိန်ထိတော့ ခရီးသည်တွေအနေနဲ့ ကဒ်စနစ်မှာ အသားမကျသေးဘဲ ကားပေါ်ကပြန်အဆင်းမှာ ကဒ်မဖြတ်တာတွေရှိနေပါတယ်။ ကဒ်စနစ်မှာ ဒါက အခက်အခဲတစ်ခုလို ဖြေရှင်းပေးနေရတယ်လို့ ဒေါ်ရီရီမြင့်ကပြောပါတယ်။ 

YBS ကားတွေပေါ်မှာ ကဒ်နဲ့ငွေပေးချေရမယ့် YPS ကဒ်တွေကိုတော့ G&G စတိုးဆိုင် (၁၀၂)ဆိုင်နဲ့ YPS Service Center တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လတ်တလော စီးနင်းအသုံးပြုနိုင်တဲ့ ယာဉ်လိုင်းတွေကတော့ ယာဉ်လိုင်းအမှတ် (၄၃)၊ (၆၂)၊ (၇၂)၊ (၈၇)၊ (၈၈)၊ (၉၆)၊ (၁၂)၊ (၁၄)၊ (၂၅)၊ (၃၀)နဲ့ (၃၈)တို့ဖြစ်ပါတယ်။

Share

Loading Next Article...
က္က