• ကော်ဖီတစ်ခွက်ကို Barista တစ်ယောက်လို ဖျော်သောက်ကြည့်နိုင်တဲ့ Copi Café

ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ဖျော်စပ် သောက်သုံးနိုင်ဖို့စီစဥ်ပေးထားတာက ဒီဆိုင်လေးရဲ့ဆွဲဆောင်မှုလို့ဆိုနိုင်ပါတယ်။

ကော်ဖီတစ်ခွက်ကို Barista တစ်ယောက်လို ကိုယ်တိုင်ဖျော်သောက်ကြည့်ချင်တဲ့ စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ ဒီစိတ်ကူးကိုလက်တွေ့အကောင်ထည်ဖော်လို့ရမယ့် ကော်ဖီဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။


image


 ကိုယ်တိုင်ဖျော်သောက်လို့ရမယ့်ကော်ဖီဆိုင် 

 

မြန်မာနိုင်ငံမှာ ကော်ဖီယဥ်ကျေးမှုတိုးတတ်လာတာနဲ့အတူ ဆန်းသစ်တဲ့စိတ်ကူးလေးတွေနဲ့ကော်ဖီဆိုင်လေး တွေလည်းဖွင့်လှစ်လာကြတာကိုတွေ့ရပါတယ်။ဒီထဲကမှ Copi Café ဆိုတဲ့ ကော်ဖီဆိုင်လေးမှာတော့ Barista တစ်ယောက်လိုမျိူး ကော်ဖီတစ်ခွက်ကိုကိုယ်တိုင်ဖျော်စပ်သောက်သုံးနိုင်မှာဖြစ်ပါတယ်။ ကော်ဖီစေ့လှော်တာ ကနေစပြီး လုပ်ငန်းသုံးကော်ဖီဖျော်စက် Espresso Machineနဲ့ ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ဖျော်စပ် သောက်သုံးနိုင်ဖို့စီစဥ်ပေးထားတာက ဒီဆိုင်လေးရဲ့ဆွဲဆောင်မှုလို့ဆိုနိုင်ပါတယ်။ 



Barista တွေအတွက်လေ့ကျင့်ဖို့နေရာလေးတစ်ခု 


ဆိုင်ရဲ့ပိုင်ရှင်ကကော်ဖီသင်တန်းဆရာတစ်ဦးဖြစ်ပါတယ်။Baristaသင်တန်းဆင်းလူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ဒီဆိုင်လေးကိုဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။Baristaတစ်ဦးအနေနဲ့ ရပ်တည်ဖို့ကြိုးစားနေတဲ့သင်တန်းဆင်းစလူငယ်တွေအတွက် ပြန်လေ့ကျင့်ဖို့လိုအပ်တဲ့အခါ ဒီဆိုင်လေးက ဖြည့်ဆည်းပေးနိုင်တဲ့နေရာလေးတစ်ခုဖြစ်စေဖို့ရည်ရွယ်တာပါ။

 

Espresso Machine ကို သုံးတတ်ရင်ရပြီ


ကိုယ်တိုင်Baristaတစ်ယောက်လိုကော်ဖီဖျော်နိုင်ဖို့အတွက်ကတော့ လုပ်ငန်းသုံးကော်ဖီဖျော်စက် Espresso Machine ကိုသေချာသုံးတတ်ဖို့ပဲလိုအပ်ပါတယ်။ဒါ့ကြောင့် Baristaသင်တန်းဆင်းတွေသာမက Espresso Machineကို အသုံးပြုတတ်တဲ့ ကော်ဖီချစ်သူဝါသနာရှင်တွေလည်း အားလက်ရက်မှာ ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီတစ်ခွက်နဲ့အပန်းဖြေနိုင်မယ့်ဆိုင်လေးပါ။ဆိုင်မှာရှိတဲ့ မီနူးထဲကနှစ်သက်ရာကော်ဖီကို ဖျော်စပ်နိုင်ပြီး မီနူးထဲကစျေးနှုန်းအတိုင်းသာပေးရမှာပါ။Espresso Machineကိုတော့အခမဲ့အသုံးပြုခွင့်ပေးထားတာဖြစ်ပါ တယ်။ကော်ဖီဆိုင်အေးဆေးထိုင်ချင်သူတွေအတွက်လည်း ဆိုင်မှာဖျော်စပ်ပေးမယ့်ကျွမ်းကျင် Barista တွေရှိပါတယ်။ 



ကော်ဖီအမျိုးစားနဲ့စျေးနှုန်း 


Copi Caféမှာတော့ ရွေးချယ်သောက်သုံးစရာကော်ဖီအမျိုးအစား ၉မျိုးရှိပါတယ်။ ဆိုင်ရဲ့ Signature ကော်ဖီအနေနဲ့ရွေးချယ်စရာကတော့၄မျိုးရှိပြီး Signatureကော်ဖီထဲက Copi White Coffee ကတော့ ကြိုက်နှစ်သက်သူများတဲ့အတွက်မြည်းစမ်းကြည့်သင့်တဲ့ကော်ဖီအရသာပါ။စျေးနှုန်းတွေကတော့ ၃၀၀၀ကနေ၅၀၀၀ကျပ်အတွင်းဖြစ်ပါတယ်။ ကော်ဖီအပြင်အခြား စားဖွယ်တွေလည်းရရှိပါတယ်။ 

Copi Caféရဲ့လိပ်စာလေးက 

ဆိုင်လိပ်စာလေးက အမှတ်၁၅၆၊ကမ္ဘာအေးဘုရားအနီး ၊ရေစက်လမ်း၊မရမ်းကုန်းမြို့နယ်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်၉နာရီခွဲကနေ ည၇နာရီအထိဖြစ်ပါတယ်။ ကော်ဖီချစ်သူတွေ အတွက် အမှတ်တရကောင်းတွေဖန်တီးနိုင်မယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။ကေ

Share

Loading Next Article...
က္က