ဝန်ထမ်းဘဝကတည်းက မိန်းမလျာပုံစံတွေကို နေ့တိုင်မြင်တွေ့နေရတာ။

ခင်လှိုင်ကတော့ မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့အခါမှာ မထူးဆန်းတော့ဘူးလို့လည်း သူကပြောပါတယ်။ မိန်းမလျာ တစ်ယောက်ချင်းစီတိုင်းက နေထိုင်မှုပုံစံလေးပဲ ကွဲသွားတာလို့ ဆိုပါတယ်။

Photo: Khin Hlaing



သရုပ်ဆောင်ခင်လှိုင်ဟာ မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင်ရတာဟာ သူ့အတွက် မထူးဆန်းတော့ဘူးလို့ ဆိုပါတယ်။ မိန်းမလျာကာရိုက်တာနဲ့ ပတ်သက်ပြီး ပန်တျာကျောင်းတက်ခဲ့တုန်းက အမှတ်တရတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ဦးခင်လှိုင်တို့ ပန်တျာကျောင်းစတတ်တုန်းကပေါ့ ကိုယ်တွေနှစ်မှာ ၈ ယောက်တက်တာ ၃ယောက်လား၊ ၄ ယောက်လားမသိဘူး နွှဲသွားကြတယ်။ ကိုယ်တွေပဲ ကျန်ခဲ့တာပေါ့နော်။ ယဉ်ကျေးမှုမှာ ဝန်ထမ်းလုပ်တော့လည်း နေ့စ္စဓူဝ မြင်တွေ့နေကြတာပဲ။ ပုံသဏ္ဍာန်တွေသာ မတူကြတာ။ စကားပြောတဲ့ပုံတွေက ခပ်ဆင်ဆင်ပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့က “ရည်းစားတစ်ခုလပ်များ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Khin Hlaing

မိန်းမလျာဘဝကို ခံယူထားတဲ့ လူတိုင်းကလည်း တစ်ယောက်တစ်မျိုးဆီ ထူးချွန်ကြတာတွေရှိတယ်လို့ ခင်လှိုင်က ဆိုပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေမှာလည်း မိန်းမလျာတွေရှိတယ်လို့ သူကပြောပါတယ်။

“ ဝတ်စားဆင်ယင်မှုကွဲမယ်။ သူတို့ရဲ့ နေထိုင်မှုစရိုက်ကွာမယ်။ ကတဲ့သူကနေပြီးတော့ စိတ်ပျော့တဲ့လူက ပုံသဏ္ဍာန်တစ်မျိုးဖြစ်မယ်၊ ရှောက်သီးဆေးပြားရောင်းတဲ့သူက တစ်မျိုးဖြစ်မယ်။ မိတ်ကပ်ဆရာက တစ်မျိုးဖြစ်မယ်။ ဝတ်စားဆင်ယင်မှုနဲ့နေထိုင်တဲ့ပုံစံက လွဲရင် ကျန်တာကတော့ ဒီအတိုင်းပဲလေ။ ဒါကြောင့် ဦးခင်လှိုင် သရုပ်ဆောင်ရတဲ့အချိန်မှာလည်း ဒါက သိပ်ပြီး ထူးထူးဆန်းဆန်းမဟုတ်တော့ဘူး။ ရုံးမှာဆိုရင်လည်း သူတို့တွေနဲ့ နောက်ပြောင် ပြောဆိုနေရတာပဲလေ” လို့သူကဆိုပါတယ်။

Photo: Khin Hlaing

သရုပ်ဆောင် မဖြစ်ခင် ဝန်ထမ်းဘဝတုန်းက မိန်းမလျာတစ်ဦးနဲ့ ဆုံခဲ့ရတဲ့အချိန်က အဖြစ်အပျက်ကိုလည်း ခင်လှိုင်က ပြောပြခဲ့ပြန်ပါသေးတယ်။

“ ဦးခင်လှိုင်လည်း တစ်ခါပေါ့ မိန်းမလျာလက်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ဖူးပါတယ်။ အရင်တုန်းက ပဒုမ္မာဇာတ်ရုံမှာ ဝန်ထမ်းပေါ့။ ဒါပေမယ့် ကိုယ်တွေက ပွဲရှိမှ ကရတာ။ အားတဲ့အချိန်ကျရင် ရွှေမန်းရုပ်ရှင်ရုံမှာ ဇာတ်ကားသွားကြည့်ဖြစ်တယ်။ ရုံအပေါက်ဝစောင့်တဲ့ လူနဲ့လည်းသိနေတော့ Free ဝင်ကြည့်တာပေါ့။ အဲဒီမှာ လက်တစ်ဖက်ကနေပြီးတော့ ဦးခင်လှိုင်ကို လာပွတ်တာပေါ့နော်။ ကြည့်လိုက်တော့ လူကောင်ကလည်းတော်တော်ကြီးတယ်။ ထိုးရင်လည်းကိုယ်ပဲခံရမှာလေ။ အဲဒါနဲ့ နွှဲချလိုက်ရော။ အဲဒီအခါကျမှ Sorry Sorry ဆိုပြီးတော့ ထွက်သွားရော” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က