အောင်ပွဲခံရင်း ပြောကြားသွားခဲ့တာပါ။

လေဗာကူဆင် နောက်ခံလူ ဖရင်မ်ပေါင်က မနေ့ညက လေဗာကူဆင်တို့ အောင်ပွဲခံနေချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက် ခံရခက်မယ့် စကားမျိုးကို ပြောဆိုခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။



မနေ့ညက ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲမှာ လေဗာကူဆင်တို့ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလိုမျိုးပဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။ ဒီပွဲမှာ ချာကာကလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့သေးပြီး သူ့အတွက်တော့ လေဗာကူဆင် ကစားသမားဘဝ ပထမဆုံးရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာပါ။


ဒါ့အပြင် လေဗာကူဆင်အတွက်လည်း သမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒက်စ်လီဂါချန်ပီယံဆုဖြစ်ခဲ့ပါတယ်။ ပွဲအပြီး ကစားသမားတွေ အဝတ်လဲခန်းအတွင်း အောင်ပွဲခံချိန်မှာ ဖရင်မ်ပေါင်က “ချာကာရေ... မင်းက အာဆင်နယ်က လာပြီး အခု ဒီမှာ ချန်ပီယံဖြစ်သွားပြီ” လို့ ပြောကြားခဲ့ပါတယ်။

ဖရင်မ်ပေါင်ဟာ ချာကာနဲ့ ဘေးချင်းကပ်လျက် အောင်ပွဲခံနေတာဖြစ်ပြီး ပရိသတ်တွေကို လိုက်ဖ်လွှင့်ရင်း အောင်ပွဲခံပြခဲ့တာပါ။ ဖရင်မ်ပေါင်ကိုယ်တိုင်ကလည်း အာဆင်နယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အာဆင်နယ် ကစားသမားဟောင်းတွေ အမှတ်ပေးချန်ပီယံဆုနဲ့ အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချာကာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အာဆင်နယ်ကနေ လေဗာကူဆင်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ကလည်း အခုချိန်အထိ ဥရောပပြိုင်ပွဲစုံအားလုံးမှာ ဒီရာသီအတွက် ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

Share

Loading Next Article...
က္က