• ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် အင်တာမီလန်ကို စိတ်ကောက်သွားတဲ့ လူကာကူ

လူကာကူက အဆိုပါပွဲမှာ လူစားဝင်ကစားခွင့်သာ ရရှိခဲ့တာပါ။
[Zawgyi Version]

လူကာကူဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့် မရရှိခဲ့တဲ့အပေါ် အင်တာမီလန်ကို လုံးဝစိတ်ပျက်သွားခဲ့ပြီး ဒီနွေရာသီတစ်လျှောက်လုံးမှာ ဒီအသင်းကို တစ်စုံတစ်ရာ အကြောင်းတုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။ လူကာကူဟာ လက်ရှိနွေမှာ ချဲလ်ဆီးကနေ အပြီးထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

သူ့ကို ခေါ်ယူဖို့အတွက် အင်တာမီလန်က စိတ်ဝင်စားနေပေမယ့် လူကာကူကတော့ အင်တာမီလန်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတော့ကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ မန်စီးတီးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူကာကူက လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာကြောင့်ပါ။

လူကာကူဟာ အဆိုပါ ပွဲမှာ လူစားဝင်လာပြီးနောက် အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့သလို အသင်းဖော်အတွက် သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးကလည်း လူကာကူနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ မန်စီးတီးပရိသတ်တွေကတောင်မှ ချန်ပီယံလိဂ်ဖလားကို လူကာကူကြောင့် ရရှိခဲ့တာဆိုပြီး နောက်ပြောင်ခဲ့ကြပါတယ်။

လူကာကူအနေနဲ့ အဆိုပါပွဲမှာ ပွဲထွက်ခွင့်မရရှိခဲ့တဲ့အပေါ် လက်ရှိအချိန်အထိ စိတ်ခုနေဆဲဖြစ်ပြီး အဲ့ဒီအချက်ကြောင့် အခုချိန်အထိ အင်တာမီလန်နဲ့ ချဲလ်ဆီးအကြား သဘောတူညီမှု မရရှိနိုင်သေးတာကြောင့်လို့လည်း သတင်းအချို့က ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ လူကာကူက အင်တာမီလန်ရဲ့ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပြီး ဒီအတွက် လူကာကူကို ပြောင်းရွှေ့ကြေးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ဂျူဗင်တပ်စ်နဲ့ လူကာကူတို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာလည်း အင်တာမီလန်က လူကာကူကို ဒေါသထွက်ခဲ့တယ်လို့ သိရှိရပြီး ဒီကစားသမားအတွက် ကမ်းလှမ်းတော့မှာမဟုတ်ဘူးလို့လည်း သတင်းထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...