အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာကာကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားလာတယ်လို့ သိရှိရပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့နွေရာသီမှာကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သလို အာဆင်နယ်အသင်းကြီးမှာလည်း အချိန်တိုအတွင်း မရှိမဖြစ်အရေးပါတဲ့ အဓိက ကစားသမားဖြစ်လာခဲ့တာပါ။

အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာ အာဆင်နယ်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းမှာရော၊ ညာခြမ်းမှာပါ အဆင်ပြေအောင် ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဆာကာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာနေပြီး အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဆာကာအနေနဲ့ သူ့ရဲ့ကစားသမားဘဝ နောက်တစ်ဆင့် မြင့်တက်ရေးအတွက် ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေပါတယ်။
အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ စပိန်လာလီဂါကလပ် အက်သလက်တီကို၊ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်တို့က ဆာကာကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေအရတော့ အာဆင်နယ်အနေနဲ့ ဆာကာကို ရောင်းချဖို့ ဆန္ဒမရှိဘဲ မဖြစ်မနေ ရောင်းချခဲ့ရသည့်တိုင် ဆာကာရဲ့အလားအလာနဲ့အရည်အသွေးတို့ကြောင့် ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင် (၄၃) သန်းရရှိမှသာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။