ဆီဗီလာနောက်ခံလူကြီး ရာမို့စ်ဟာ မနေ့ညက ကစားခဲ့တဲ့ လန်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လန်းစ်က နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တာကြောင့် ၂-၁ ဂိုးနဲ့ ဆီဗီလာတို့ ရှုံးနိမ့်ခဲ့ပါတယ်။


ရာမို့စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသွင်းဂိုးက (၁၇) ဂိုးအထိ ရှိလာခဲ့ပြီး ဘာစီလိုနာနဲ့ စပိန်နောက်ခံလူဟောင်း ပီကေးရဲ့ (၁၆) ဂိုးကို ကျော်တက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးဂန္တဝင်ဟောင်းကြီး ရော်ဘတ်တိုကားလို့စ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး (၁၆) ဂိုး စံချိန်ကိုလည်း ကျော်တက်နိုင်ခဲ့ပါတယ်။
ရာမို့စ်ဟာ ဒီပွဲမှာ ပင်နယ်တီကို တစ်ခါတည်း ဝင်ခဲ့တာ မဟုတ်ပါဘူး။ ပထမအကြိမ် ကန်သွင်းရာမှာ ဂိုးမဝင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြန်ကန်ခိုင်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ရာမို့စ်က ဂိုးဝင်အောင် ကန်သွင်းခဲ့တာပါ။ ရာမို့စ်ဟာ နောက်တစ်ကြိမ် ကန်တဲ့ ပင်နယ်တီကို Panenka ကန်ချက်နဲ့ ကန်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။