• Featured

    ခရီးသွားကားတွေ အခက်အခဲမဖြစ်စေဖို့ Supercharger တွေမှာ အခမဲ့အားသွင်းပေးနေတဲ့ Tesla

ကျေးဇူးတော်နေ့ ခရီးသွား ရက်သတ္တပတ်အတွက်ပါ

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ကျေးဇူးတော်နေ့ အားလပ်ရက်ခရီးသွားကာလ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ Tesla ကားကုမ္ပဏီဟာ အခမဲ့ကားအားသွင်းခွင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ အားလပ်ရက်မှာ လူအများ အလုပ်နားပြီး ခရီးသွားဖို့ ရှိတာကြောင့် လျှပ်စစ်ကားအားသွင်းရုံတွေမှာ ကားတွေ တန်းစီစောင့်ဆိုင်းအားသွင်းရဖို့ ရှိပါတယ်။ အားသွင်းဖို့ စောင့်နေတဲ့ ကားတွေ ခရီးမဖင့်ရအောင် ရည်ရွယ်ပြီး Tesla ကနေ ကယ်လီဖိုးနီးယားတစ်လျှောက်မှာ အခမဲ့အားသွင်းရုံတွေ ဖွင့်ပေးထားတာလို့ Tesla Charging ရဲ့ Tweet မှာ ဖော်ပြထားပါတယ်။

image

Photo: Tesla Charging Tweet


အဲ့ဒီ Tweet ထဲမှာပဲ အခမဲ့ကားအားသွင်းနိုင်မယ့် နေရာနဲ့ အချိန်တွေကို ဝက်ဘ်ဆိုက်လင့်ခတစ်ခု တွဲထည့်ပေးထားတာ တွေ့ရပါတယ်။ သတ်မှတ်ထားတဲ့ Supercharger အားသွင်းရုံတွေမှာ နိုဝင်ဘာ ၂၄ ရက် ဗုဒ္ဓဟူးနေ့ကနေ နိုဝင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့အထိ ည ၇ နာရီကနေ မနက် ၁၀ နာရီအထိ ၅ ရက်တာ အခမဲ့အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ 

ကယ်လီဖိုးနီးယား ခရီးလမ်းတစ်လျှောက်မှာ Charger ရုံပေါင်း ၄၀ ခန့် ရှိမယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း Tesla ဟာ အမေရိကန်ပြည်ထောင်စုအနှံ့ Supercharger အားသွင်းရုံကွန်ရက်တိုးချဲ့လာခဲ့ရာ အခုဆို အားသွင်းရုံ ၁၀၀၀ ကျော်အထိ ရှိလာပြီလို့ ခန့်မှန်းရပါတယ်။ 

Share

Loading Next Article...
က္က