တံတောင်ဆစ်ဒဏ်ရာကြောင့်ပါ။

ခွဲစိတ်ကုသဖို့ မလိုပေမယ့် ရာသီကုန်အထိ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်မှာမဟုတ်ဘူးလို့ စပါးအသင်းက သတင်းထုတ်ပြန်လာပါတယ်။

တံတောင်ဆစ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ စပါးအသင်းဂိုးသမား ဟူဂိုလိုရစ်ကတော့ ၂၀၁၉ ခုနှစ်အတွင်း ကစားရမယ့် ပွဲစဉ်အားလုံးကို လွဲချော်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။


ဘရိုက်တန်ကို ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲတဲ့ပွဲမှာ ဒီဒဏ်ရာကိုရရှိခဲ့တာ ဖြစ်ပြီး နှစ်မကုန်ခင်အထိအသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်ဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။



ဘောလုံးကို ဖမ်းဖို့ကြိုးစားရင်း ဟန်ချက်မညီပဲ ပြန်ပြုတ်အကျမှာ တံတောင်ဆစ် အရွတ်ပြင်းထန်စွာ ထိခိုက်မိခဲ့တာလို့ သိရပါတယ်။

လိုရစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ခွဲစိတ်ကုသဖို့ မလိုကြောင်းနဲ့ ၂၀၁၉ မကုန်မီ ပြန်လေ့ကျင့်ဖို့ မလွယ်ကြောင်း ပါဝင်လာပါတယ်။

ဒါကြောင့် ၂၀၁၉ လက်ကျန် နေ့ရက်တွေကို ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ ဆက်တိုက် ပြုလုပ်ရတော့ မှာဖြစ်ပြီး စပါးအသင်းအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်လာခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၈ ပွဲကစား ၃ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးရလဒ်ကြောင့် ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က