အဝေးပြေးရထားလမ်းပိုင်း ၇ပို်းကိုလည်း တစ်ပိုင်းကို တစ်ရက်တစ်စီးနှုန်း ပြေးဆွဲပေးနေပါတယ်။

ကိုဗစ်ကပ်ကာလအစတုန်းက မြို့ပတ်ရထားအစီးရေ ၉၉စီးထိ ပြေးဆွဲခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အစီးရေ ၄၀အထိ ထပ်မံလျော့ချ ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ရထားချစ်အဖွဲ့ချုပ်



မြန်မာ့မီးရထားက ကိုဗစ်ကာလမှမြို့တွင်းအတွက် မြို့ပတ်ရထား အစီးရေ ၄၀ နဲ့ အဝေးပြေးအတွက် အဝေးပြေးရထားလမ်းပိုင်း ၇ပိုင်း မှာ တစ်ရက်ကို တစ်စီးနှုန်းစီ ပြေးဆွဲပေးနေပါတယ်။ 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ ပုံမှန်ဆိုရင် ရထားအစီးရေ ၁၆၈ စီးနှုန်းပြေးဆွဲပေးနေတာဖြစ်ပေမယ့်လည်း ကိုဗစ်ကာလမှာတော့ စီးနင်းသူ နည်းပါးသွားတဲ့အတွက် အစီးရေ ၄၀သာ ပြေးဆွဲပေးနေတာဖြစ်တယ်လို့သိရပါတယ်။

အဝေးပြေးရထားပြေးဆွဲမှုမှာလည်း လမ်းပိုင်း ၆ပိုင်းသာ ကနဦးပြေးဆွဲပေးခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၆ရက်နေ့က စတင်ကာ လားရှိုး-မန္တလေးလမ်းပိုင်းကိုလည်း ထပ်တိုးပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထား သွားလာရေးမှ မန်နေဂျာ ဦးဇော်လွင်က Duwunကိုပြောပါတယ်။

“ကိုဗစ်ကာလမှာ ရထားပြေးဆွဲမှုလျှော့ချထားပြီး အရင်လို အပြည့်အဝပြန်လည်ပြေးဆွဲနိုင်ဖို့အတွက်တော့ ညွှန်ကြားလာ ခြင်းမရှိသေးပါဘူး။လောလောဆယ်တော့ မြို့ပတ် အစီး ၄၀နဲ့ အဝေးပြေးလမ်းပိုင်း ၇ခုပြေးဆွဲပေးနေပါတယ်။”လို့ ဦးဇော် လွင်က ပြောပါတယ်။

ဓာတ်ပုံ - ရထားချစ်အဖွဲ့ချုပ်

နိုင်ငံတော်အစိုးရက အထွေထွေကန့်သတ်ချက်တွေကို ဇွန်လ ၁၅ရက်နေ့အထိ ထပ်တိုးထားတဲ့အတွက် ရထားပြေးဆွဲနေမှုတွေကိုလည်း ကိုဗစ်ကာလအတွင်း ပြေးဆွဲပေးနေတဲ့ နှုန်းအတိုင်း ဇွန်လ ၁၅ရက်နေ့အထိ ဆက်လက် ပြေးဆွဲပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိ ပြေးဆွဲပေးနေတဲ့ အ‌ဝေးပြေးလမ်းပိုင်းတွေကတော့ ရန်ကုန်-မန္တလေး၊ရန်ကုန်-မော်လမြိုင်၊ရန်ကုန်(ကြည့်မြင်တိုင်)-ပြည်၊မန္တလေး-မြစ်ကြီးနား၊ နေပြည်တော်- တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ချောက်၊ပုသိမ်-ကြံခင်း၊လားရှိုး-မန္တလေး လမ်းပိုင်းတွေဖြစ်ပြီး လမ်းပိုင်းတစ်ခုစီမှာ အစုန်-အဆန် တစ်စီးစီ နေ့စဉ်ပြေးဆွဲပေးနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က