• Featured

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ပေးဖို့ ဖီဖာကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တောင်းဆို

အာရှဇုန်ကိုတော့ ဖီဖာက ပွဲရွှေ့စေခဲ့ပါပြီ။

ဥရောပကနေ ကစားသမားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေတာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုလာတာပါ။

image

တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုလအတွင်းကစားဖို့ရှိတဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားတယ် လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

တောင်းဆိုခဲ့တာကိုတော့ မနေ့က(ဗုဒ္ဓဟူးနေ့)တောင်းဆိုခဲ့တာ ဖြစ်ပြီး မတ်လ ၂၆၊၂၇နဲ့ ၃၁ရက်နေ့ပွဲတွေကို ရက်ရွှေ့စေခဲ့တာပါ။

ကမ္ဘာပေါ်မှာ လူပေါင်း ၁၂၆၀၀၀ကျော်ကို ကူးစက်ပျံ့နှံ့နေပြီ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်ဟာ လူပေါင်း ၄၆၀၀ ကျော်ကိုလည်း သေဆုံးစေခဲ့ပါပြီ။

အခုလို ပွဲရွှေ့ခိုင်းရတာကတော့ နိုင်ငံအတွက်ကစားဖို့ ပြန်လာကြမယ့် ပရော်ဖက်ရှင်နယ် ကစားသမားတွေက ဥရောပကနေ ထွက်ခွလာဖို့ ခက်ခဲနေတာကြောင့်လို့ ဆိုပါတယ်။

“ တောင်အမေရိကဇုန်မှာ ပါဝင်နေတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တွေကို ပွဲရွှေ့ပေးဖို့ တောင်းဆိုလာတာပါ။”လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုစာမှာထည့်သွင်း ဖော်ပြလာပါတယ်။

ဖီဖာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှဇုန် ကမ္ဘာ့ဖလားနဲ့ အာရှဖလားခြေစစ်ပွဲတွေကို ရွှေ့ဆိုင်းထားဖို့ ခွင့်ပြု ပေးခဲ့ပြီး ဖြစ်တာကြောင့် အခုတစ်ဖန်လည်း ထပ်မံ ခွင့်ပြုပေးဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က