• Featured

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှု ထိခိုက်လာနေတဲ့ နည်းပညာထုတ်ကုန် ၅ မျိုး

AirPods ကနေ Tesla Model 3 ကားတွေအထိ ဂယက်ရိုက်နေပါတယ်

လူပေါင်း ၁၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဟာ နည်းပညာကုမ္ပဏီကြီးတွေပေါ်မှာလည်း ဂယက်ရိုက်နေပါတယ်။


ကမ္ဘာပေါ်မှာ ရှိသမျှ နည်းပညာအသုံးအဆောင် အားလုံးနီးပါးဟာ တရုတ်မှာ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ရတဲ့ NY Times ရဲ့ အချက်အလက်တွေအရ လူပေါင်း ၄၂၆၃၈ ဦး ကူးစက်ခံထားရပြီး သေဆုံးသူဦးရေ ၁၀၁၆ ဦး ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တရုတ်နိုင်ငံအတွင်းက ထုတ်လုပ်မှုတွေအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်လာပါတယ်။

စက်ရုံလုပ်သားများ အလုပ်မဆင်းနိုင်တာကြောင့် ကုမ္ပဏီအကြီးအသေး အမျိုးမျိုးရဲ့ Supply Chains တွေ နှေးကွေးရပ်တန့်မှု ဖြစ်နေကြပါတယ်။ စက်ရုံလည်ပတ်မှုထိခိုက်လာခြင်းဟာ စမတ်ဖုန်း ၊ ဂိမ်းစက်ပစ္စည်းတွေနဲ့ တစ်ခြား နည်းပညာထုတ်ကုန်တွေပေါ် သက်ရောက်မှု ရှိနေကြပါတယ်။


(၁) Oculus Quest

image

Photo: forbes

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Facebook ရဲ့ နာမည်ကျော် VR Headset ထုတ်ကုန် Oculus Quest ရဲ့ Supply Chain ပိုင်း ကမောက်ကမ ဖြစ်လာကြောင်း မကြာသေးခင်ကပဲ ကြေညာချက် ထွက်ထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က Oculus Quest ဟာ ဝယ်လိုအား မြင့်တက်လာနေကြောင်း Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားပြီး ဗိုင်းရပ်ကြောင့် ထုတ်လုပ်မှုနဲ့ ဈေးကွက်ဝင်မှုအပေါ် ထိခိုက်နိုင်ခြေ ရှိနိုင်တယ်လို့ ပြောထားပါတယ်။

Facebook ဟာ တရုတ်ပြည်မကြီးကို ဝန်ထမ်းများ မဖြစ်မနေ ခရီးထွက်တာကလွဲပြီး မသွားရောက်ဖို့ တားမြစ်ထားသလို မကြာသေးခင်က တရုတ်နိုင်ငံက ပြန်လာတဲ့ ဝန်ထမ်းတွေကိုလည်း အိမ်မှာပဲ နေဖို့ ညွှန်ကြားထားပါတယ်။ တစ်ခြား အမေရိကန်ကုမ္ပဏီတွေ ဖြစ်တဲ့ Google ၊ Microsoft နဲ့ Apple တို့လည်း အလားတူ ကန့်သတ်မှုတွေ လုပ်ထားပါတယ်။


(၂) Nintendo Switch

Photo: techspot


ဗိုင်းရပ်စ်ဘေးကြောင့် အိမ်ထဲမှာပဲ အခန်းပိတ် နေနေရတဲ့ တရုတ်နိုင်ငံမှာ ဂိမ်းကစားသူ ဦးရေဟာ တဟုန်းထိုး တက်လာနေပါတယ်။ PUBG Mobile တရုတ်ဗားရှင်းဂိမ်း ဖြစ်တဲ့ Game For Peace ဆိုရင် ဂိမ်းကစားသူဦးရေ ရုတ်တရပ်ထိုးတက်လာတာကြောင့် ဆာဗာကျသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီဇင်ဘာလကမှ တရုတ်ဈေးကွက်ထဲ ဖြန့်ခဲ့တဲ့ Nintendo Switch ဂိမ်းဟာလည်း ထုတ်လုပ်မှုပိုင်း ပြဿနာတက်နေပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ ဂျပန်ကို တင်ပို့မယ့် Switch တွေ အချိန်မီ မတင်ပို့နိုင်တာကြောင့် ကုမ္ပဏီဟာ တောင်းပန်မှု လုပ်ခဲ့ရပါတယ်။ ဗိုင်းရပ်စ်ဂယက်ဟာ Joy Consလို ဂိမ်းစက်နဲ့ ဆက်စပ် ပစ္စည်းတွေ နဲ့ Fitness game ဖြစ်တဲ့ Ring Fit Adventure အပြင် အသစ် ထွက်လာမယ့် Animal Crossing theme နဲ့ special edition ပေါ်လည်း သက်ရောက်မှု ရှိခဲ့ပါတယ်။

(၃) Apple AirPods

Photo: techradar

Wireless earbuds ပစ္စည်းအစိတ်အပိုင်းတွေ ပစ္စည်းပြတ်လပ်နေတယ်လို့ Nikkei Asian Review သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ Apple ကတော့ ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မှု မလုပ်ရသေးပါဘူး။ အမေရိကန်-တရုတ် ကုန်သွယ်စစ်ကြောင့် Apple ဟာ သူ့ရဲ့ AirPods suppliers တစ်ချို့ကို ဗီယက်နမ်မှာ ထုတ်လုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမယ့်လည်း Airpods အများစုကို တရုတ်မှာ ထုတ်လုပ်ပါတယ်။ လက်ရှိမှာ ဈေးကွက်ဝယ်လိုအား မြင့်တက်မှုကြောင့် ၂၀၂၀ ပထမနှစ်ဝက်အတွင်း AirPods ပေါင်း ၄၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်ဖို့လည်း Apple ဟာ အော်ဒါမှာထားတဲ့အတွက် ဗိုင်းရပ်စ်ကာလအတွင်းမှာ ထုတ်လုပ်မှု ပြဿနာ ရှိနိုင်ပါတယ်။

နောက်တစ်ခုက ကိုရိုနာဗိုင်းရပ်စဟာ iPhone ထုတ်လုပ်မှုပိုင်းကိုလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။


(၄) စမတ်ဖုန်း


Photo: CBN News

Asus နဲ့ Xiaomi တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းထုတ်လုပ်မှု ပြဿနာရှိကြောင်း ပထမဆုံးကြေညာလိုက်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေပါ။ အိန္ဒိယဈေးကွက်ထဲ တင်ပို့နေတဲ့ ROG II Gaming ဖုန်းအတွက် Asus က ခေါင်းကိုက်နေရပြီး Xiaomi ကတော့ တရုတ်မှာ ထုတ်လုပ်တဲ့ Redmi brands ဖုန်းတွေအတွက် အကြပ်ရိုက်နေပါတယ်။

တစ်ခြား တရုတ်စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Lenovo ၊ OPPO နဲ့ Xiaomi တို့လည်း အလားတူ ပြဿနာ ကြုံရဖို့ ရှိပါတယ်။ဂွမ်ဒေါင်းက စက်ရုံတွေကို အားကိုးနေရတဲ့ Huawei ကတော့ ဗိုင်းရပ်စ်စတင် ဖြစ်ပွားရာ ဝူဟန်မြို့နဲ့ အလှမ်းကွာလို့ သိပ်ပြီး မစိုးရိမ်ရပေမယ့် Lenovo ကတော့ ဟူဘေးခရိုင်က ပစ္စည်းအစိတ်အပိုင်းတွေကို အသုံးပြုရတာ ဖြစ်လို့ အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံအတွင်းက ဘယ်နေရာမှာပဲ စက်ရုံရှိရှိ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုဟာ ထိခိုက်ဖို့ ရှိပါတယ်။ Apple အတွက် တရုတ်မှာ iPhone တွေ တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ကလည်း စက်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေရပါတယ်။


(၅) Tesla Model 3


Photo: techcrunch

ဗိုင်းရပ်စ်သက်ရောက်မှုကို အကြီးအကျယ် ခံလိုက်ရတဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုက Tesla လျှပ်စစ်ကားတွေပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ တရုတ်အစိုးရဟာ ရှန်ဟိုင်းမှာ ရှိတဲ့ Gigafactory ကားစက်ရုံသစ်ကြီးကို ရပ်နားထားဖို့ Tesla ကို ညွှန်ကြားထားပါတယ်။

ဒီစက်ရုံဟာ Model 3 အမျိုးအစား ကားသစ်တွေကို တရုတ်မှာ စတင်ထုတ်လုပ်ခါစပဲ ရှိသေးတာ ဖြစ်ပါတယ်။ စက်ရုံပိတ်လိုက်ရခြင်းဟာ Tesla ရဲ့ ဝယ်လက်တွေပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ Tesla ကတော့ ဗိုင်းရပ်စ်ကူးစက်မှုအတွင်းမှာ ယာဉ်မောင်းတွေအတွက် အခမဲ့ လျှပ်စစ်အားသွင်းရုံတွေ လုပ်ပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က