League Of Legends မှာ မသိသူမရှိတဲ့ ကိုရီးယားအသင်း SK Telecom T1 ဟာ Dota2 အသင်းကိုပါ ဖွဲ့စည်းမယ့်အကြောင်းကို ကြေညာခဲ့ပြီး အနည်းငယ်အကြာမှာတော့ Dota2 အသင်းမှာပါဝင်ကစားမယ့် ကစားသမားတွေကို ချပြလိုက်ပါတယ်။

     League Of Legends မှာ မသိသူမရှိတဲ့ ကိုရီးယားအသင်း SK Telecom T1 ဟာ Dota2 အသင်းကိုပါ ဖွဲ့စည်းမယ့်အကြောင်းကို ကြေညာခဲ့ပြီး အနည်းငယ်အကြာမှာတော့ Dota2 အသင်းမှာပါဝင်ကစားမယ့် ကစားသမားတွေကို ချပြလိုက်ပါတယ်။


ကိုရီးယားအခြေစိုက်အသင်းဖြစ်ပြီး ကိုရီးယားကစားသမားတွေနဲ့သာ အသင်းကိုဖွဲ့စည်းလိုတာကြောင့် ကိုရီးယားလူမျိုး Dota2 ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်တဲ့ FoREv ကို အရင်ဦးဆုံးစာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။ FoREv ဟာ SEA, Europe, North America စတဲ့ Region ပေါင်းစုံမှာ ကစားခဲ့ဖူးတဲ့ Dota2 ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးပါ။



ကိုရီးယား Dota2 အသင်း MVP Phoenix နဲ့စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ Team Secret, Digital Chaos, Immortal, J.Storm တို့လိုအသင်းမျိုးတွေမှာ ကစားခဲ့ပါသေးတယ်။ နောက်ဆုံးကစားခဲ့တဲ့ အသင်းကတော့ Team Jinesbrus ပါ။ T1 Dota2 အသင်းမှာကစားမယ်လို့ ကြေညာထားခဲ့တာတောင်မှ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ MDL Chengdu Major Qualifier မှာ FoREv တစ်ယောက် Team Jinesbrus နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် T1 ဟာ လေထဲမှာတင် ပျောက်ဆုံးသွားခဲ့ပြီလားလို့ ထင်မှတ်ခဲ့ကြပါတယ်။

အဆိုပါ Qualifier အပြီးမှာတော့ SK Telecom T1 ဟာ သူတို့ရဲ့ Dota2 Roster အပြည့်အစုံကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ SK Telecom T1 Dota2 အသင်းရဲ့ Roster အပြည့်အစုံကတော့ -

1. MP

2. Xemistry

3. FoREv

4. SnOw

5. Grace                 တို့ပဲဖြစ်ပါတယ်။


         ဒီထဲမှာ အတွေ့အကြုံရင့်ကစားသမားဆိုလို့ MP နဲ့ FoREv တို့နှစ်ဦးသာပါပြီး Mid Player ဖြစ်တဲ့ Xemistry ကတော့ FoREv နဲ့အတူ Team Jinesbrus မှာ ကစားခဲ့ဖူးပေမယ့် အတွေ့အကြုံပိုင်းအရမှာတော့ တော်တော်လေးနည်းနေပါသေးတယ်။

ဒါ့အပြင် Support ကစားသမားနှစ်ဦးဟာလည်း Dota2 ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အခုမှအခြေချဖူးတဲ့ မျက်နှာသစ်ကစားသမားတွေပါ။ အတွေ့အကြုံရှိပြီးသားကစားသမားတွေဖြစ်တဲ့ MP နဲ့ FoREv တို့အနေနဲ့ အတွေ့အကြုံမရှိသေးတဲ့ ကစားသမားတွေကို အောင်မြင်မှုတွေဆီ ထမ်းတင်သွားနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

SK Telecom T1 Dota2 အသင်းဟာ VKGAME Battle Of Dawn ပြိုင်ပွဲမှာ ပွဲဦးထွက်အနေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှာတင် ၁ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ရရှိခဲ့ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ပွဲဦးထွက်ကတော့ မလှပခဲ့ပေမယ့် ဖွဲ့စည်းထားတာ လပိုင်းတောင်မပြည့်သေးတဲ့အသင်းဖြစ်နေတာကြောင့် အပြစ်ပြောလို့တော့မရပါဘူး။ အချိန်ပေးပြီး သေသေချာချာလေ့ကျင့်မယ်ဆိုရင်တော့ တစ်ချိန်က MVP Phoenix လို ကိုရီးယားကို ကိုယ်စားပြုနိုင်မယ့်အသင်းမျိုး ထွက်ပေါ်လာနိုင်ပါသေးတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က