စိုင်းစိုင်းခမ်းလှိုင်က “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေး ဝန်းရံထားတာ တွေ့ရပါတယ်။
Photo: Sai Sai
“ကိုယ်စောင့်နတ်”Family Show ကို ဒီဇင်ဘာ(၁၇) ရက်နေ့ Junction City မှာ ပြုလုပ်ခဲ့တာပါ။ အဲ့ဒီပွဲကို ပါဝင်တဲ့ အနုပညာရှင်တွေသာမက အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး စိုင်းစိုင်းကိုယ်တိုင်လည်း သွားခဲ့တယ်လို့ သိရပါတယ်။
“ယမန်နေ့ညက ဒါရိုက်တာ ဝင်းလွင်ထက် /လွှမ်းပိုင် / ထူးအောင် / ခင်ဝင့်ဝါနှင့် လူငယ်သရုပ်ဆောင်များ၏ ကိုယ်စောင့်နတ် အမည်ရှိရုပ်ရှင်ဇာတ်ကားအား သွားရောက်ကြည့်ရှု အားပေးဝန်းရံသည် အဆိုပါဇာတ်ကားကို ဒီဇင်ဘာလ၂၈ တွင် တစ်နိုင်ငံလုံးတွင် ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်” ဆိုပြီးစိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ကိုယ်စောင့်နတ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးထားပြီး ရန်အောင်၊ထွန်းထွန်း၊ လွှမ်းပိုင်၊ ထူးအောင်၊ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ထားကြပြီးလူငယ်အချျစ်ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်.
Photo: Sai Sai
စိုင်းစိုင်းက လက်ရှိမှာပွဲတွေ တက်ဖြစ်နေသလို Media 7 နဲ့ အတူ ပထမဆုံးတွဲပြီး ဇာတ်ကားရိုက်ကူးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ မင်းသမီး(၁၂)ယောက်နဲ့ ရိုက်ကူးဖို့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းကိုလည်းmedia 7 ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။
Photo: Sai Sai
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။
Photo: Sai Sai
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။