အင်္ဂလိပ်ဘောလုံး‌လောကမှာပါ။

မာနေးရဲ့ အမူအယာကိုကြည့်ပြီး လီဗာပူးကစားသမားဟောင်း ရက်ဒ်နက်က နှိမ့်ချတတ်တဲ့ သူရဲကောင်းလို့ တင်စားခဲ့ပါတယ်။

Image result for sadio mane



နောဝှစ်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းခဲ့တဲ့ ဆာဒီယိုမာနေးဟာ လီဗာပူးနဲ့အတူ အင်္ဂလိပ်ဘောလုံးလောက သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပါပြီ။

ဒါပေမယ့်လည်း ပွဲပြီးဆုံးချိန်မှာတော့ Sky Sports က မေးမြန်းခဲ့တဲ့အပေါ်မှာတော့ ဟုတ်လား သိတောင်မသိဘူး၊ ကျေးဇူးတင်ပါတယ်လို့ ပြန်ဖြေသွားခဲ့တာပါ။

တံကောက်ကြော ဒဏ်ရာကြောင့် လီဗာပူးရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲလောက် လွဲချော်ထားခဲ့တဲ့ မာနေးအနေနဲ့ နောဝှစ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခဲ့တာပါ။

၇၈ မိနစ်မှာတော့ အသင်းအတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပြီး ဒီဂိုးကသူ့အတွက် အင်္ဂလိပ်ဘောလုံးလောကမှာ ဂိုး ၁၀၀ ပြည့်သွားစေခဲ့တာပါ။

Image result for sadio mane

ဒီအပေါ်မှာ Sky Sports သတင်းထောက်က မေးရာမှာတော့ -“ တကယ်ကြီးလားဗျ၊ အို့ဝ် ကျေးဇူးတင်ပါတယ်ဗျာ၊ ကစားသမားတိုင်း ဖြစ်ချင်ကြတဲ့ အရာဆိုတော့ လွယ်တော့မလွယ်ပါဘူး။ဒီလို အခြေအနေတစ်ခု ရဖို့။ကျွန်တော် က ကုသမှု အချိန်တစ်ခုအောက်ကနေ ရုန်းထွက်လာပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်း အခုလို ဂိုးသွင်းနိုင်ခဲ့လို့ ပျော်နေတာပါ။ဒါထက် ကျွန်တော်တို့အားလုံးက လီဗာပူးတွေပါ၊ ရလဒ်ကောင်းရလို့သာ ပျော်ရပါတယ်။”လို့ မာနေးက ပြန်ဖြေခဲ့တာပါ။



မာနေးရဲ့ အင်တာဗျူး တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး လီဗာပူး ကစားသမားဟောင်း ဂျေမီရက်ဒ်နက်က ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ သူရဲကောင်းလို့ တင်စားပြောခဲ့တယ်လို့လည်း Metro.com သတင်းဌာနက ဖော်ပြလာပါသေးတယ်။

မာနေးကတော့ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးအတွက် လိဂ်ပွဲ၂၃ ပွဲကစားကာ ၁၂ဂိုးထိသွင်းယူပေးထားနိုင်ပြီး ၆ ကြိမ် ဂိုးဖန်တီးပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က