မေလကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်

နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာနဲ့ ကူးစက်မှု ခြေရာခံ app တွေ ရှိထားပေမယ့် အခုထိ COVID-19 app ရေးဆွဲခြင်း မရှိတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကူညီသွားမယ်လို့ ဆိုပါတယ်။

Reuters နဲ့ အင်တာဗျူးတစ်ခုမှာ မေလကုန်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ စိစစ်အကဲဖြတ်တဲ့ app တစ်ခု ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ WHO အကြီးအကဲ ဘာနာဒို မာရီယာနိုက ပြောပါတယ်။ အစိုးရအဖွဲ့အစည်းတိုင်းဟာ app ကို ကိုယ့်နိုင်ငံအနေအထားနဲ့ ကိုက်ညီအောင် ပြင်ရေးနိုင်မယ့် customize ဗားရှင်းတစ်ခု ဖြန့်ချိသွားမှာ ဖြစ်တယ်လို့လည်း မာရီယာနိုက ဆိုပါတယ်။




Photo: NDTV Gadgets 360


WHO အနေနဲ့ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အကဲဖြတ်နိုင်ဖို့ အရင်းအမြစ်နည်းပါးတဲ့ နိုင်ငံက လူတွေအတွက် ရည်ရွယ်ပြီး app ဖြန့်ချိမှာ ဖြစ်ပြီး ဒီ app မှာ Bluetooth အခြေခံ ထိတွေ့မှု ခြေရာခံစနစ် သုံးဖို့လည်း စဉ်းစားထားတယ်လို့ ပြောပါတယ်။ app ဟာ လူတွေကို သူတို့ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေအကြောင်း မေးပြီး COVID-19 ရှိမရှိ ညွှန်ကြားမှုပေးသွားမှာပါ။

ဗားရှင်းတစ်ခုကို App Stores တွေပေါ်မှာ Global ဖြန့်ချိသွားမှာ ဖြစ်ပေမယ့် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ app မှာ သုံးတဲ့ နည်းပညာကို ရယူနိုင်ပြီး ကိုယ့်စိတ်ကြိုက် features သစ်တွေ ဖြန့်ချိတာ app stores တွေပေါ်မှာ ကိုယ်ပိုင် ဗားရှင်းအဖြစ် ဖြန့်ချိတာမျိုး လုပ်နိုင်မယ်လို့ ဆိုပါတယ်။ WHO app ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်တက်နေတဲ့ တောင်အမေရိကနဲ့ အာဖရိက အပါအဝင် တစ်ခြားနိုင်ငံတွေရဲ့ စိတ်ဝင်စားမှု ရယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။


Photo: Engadget

Google နဲ့ Microsoft ကော်ပိုရေးရှင်းတွေမှာ အရင်က အလုပ်လုပ်ခဲ့တဲ့ ပညာရှင်တွေအပါWHO will launch a COVID-19 app for countries that don't make their ownအဝင် အင်ဂျင်နီယာနဲ့ ဒီဇိုင်နာတွေဟာ app သစ် ရေးဆွဲဖို့ ရက်သတ္တပေါင်းများစွာ အခမဲ့ လုပ်အားပေးနေပါတယ်။ အများပြည်သူ ဒေတာထည့်သွင်းနိုင်စေဖို့ သူတို့ဟာ GitHub မှာ open-source အနေနဲ့ ဒီဇိုင်းထုတ်နေတယ်လို့ ဆိုပါတယ်။

COVID-19 app ရေးဆွဲမှုအတွက် ပူးပေါင်းနေကြတဲ့ Google နဲ့ Apple တို့ကတော့ သူတို့ရဲ့ စနစ်မှာ အချက်အလက်တွေကို တစ်ခြား ရည်ရွယ်ချက်နဲ့ သုံးမှာ မဟုတ်ဘဲ ကပ်ဘေးကြိး ပြီးတာနဲ့ ခြေရာခံမှု ရပ်ဆိုင်းလိုက်မယ်လို့ ကြေညာထားပါတယ်။

Share

Loading Next Article...
က္က