လူဦးရေ ၄ သိန်းခွဲနီးပါးကို ထောက်ပံ့ပေးမှာပါ။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ အသက် ၈၅ နှစ်အထက် အဘိုးအဘွားတွေကို တစ်ဦးကို ငွေကျပ်သုံးသောင်းစီထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ အသက်မွေးဝမ်းကျောင်းမှု၊ စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (Lift Myanmar) တို့က ကြေညာလိုက်ပါတယ်။

လာမယ့်ဇွန်လအတွင်း ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် ၂ သိန်း ၄ သောင်းကျော် နဲ့ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၂ သိန်းကျော် စုစုပေါင်း လူဦးရေ ၄ သိန်းခွဲနီးပါးကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒီလို ထောက်ပံ့ပေးနိုင်ဖို့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့နဲ့ မိတ်ဘက်အလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊အမေရိကန်၊ ဆွစ်ဇာလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေရဲ့လှူဒါန်းမှုနဲ့ အမေရိကန်ဒေါ်လာ ၉ သန်း အသုံးပြုသွားမှာဖြစ်ပါတယ်။

“ ကျွန်မတို့က ဒီငွေတွေကို လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲလိုက်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနကတစ်ဆင့် ပြန်ပေးမှာပါ။ ဇွန်လထဲမှာ တစ်ပြိုင်နက်တည်း တစ်ဦးကို သုံးသောင်းနှုန်းနဲ့ တစ်ကြိမ်တည်းပေးသွားမှာပါ။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေကိုတော့ နောက်ကျကောင်း နောက်ကျနိုင်ပါတယ်” လို့ Lift Myanmar တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

လက်ရှိမှာ လူမှုဝန်ထမ်းဦးစီးဌာနက ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂဒေသေတွေက ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေနဲ့ တစ်နိုင်ငံလုံးက သက်ကြီးဘိုးဘွားတွေကို တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ ပုံမှန်ထောက်ပံ့ပေးနေပြီး အခု သုံးသောင်းထောက်ပံ့တဲ့အစီအစဉ်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလအတွက် ရည်ရွယ်ကာ ထပ်ဆောင်းပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က