ဥပဒေအကြောင်း ထည့်သင်စေချင်တဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြလာပါတယ်။

မင်းခန့်ကျော်ဟာ ကလေးတွေရဲ့ ပညာရေးမှာ သင်ရိုးညွှန်းအသစ်အဖြစ် ဥပဒေအကြောင်းကို သင်ပေးစေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။ 

Photo: MIn Khant Kyaw



သရုပ်ဆောင် မင်းခန့်ကျော်ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေမှာ ဥပဒေနဲ့ ပတ်သက်တာလေးတွေ သင်ကြားပေးစေချင်တယ်လို့ ဆိုပါတယ်။ အများကြီး အကျိုးပြုနိုင်မှာပါဆိုတဲ့ သူ့ရဲ့ သဘောထားကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

" ကလေးတွေကို ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက မြန်မာပြည်ရဲ့ ဥပဒေကြမ်းကို သိစေချင်တယ်။ ဒါတွေကိုသာ ငယ်ငယ်ကတည်းက သိလာခဲ့မယ်ဆိုရင် ကြီးလာတဲ့ အချိန်မှာ ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်ရင် ဘာဖြစ်တယ် ဆိုတာ သိလာတဲ့အတွက် ရှေ့ဆက်မယ့် တက်လမ်းတစ်ခု အနေနဲ့ရော၊ ဘဝအတွက်ရော အများကြီး အကျိုးပြုမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သင်ရိုးသစ် တိုးမယ်ဆိုရင်တော့ ဥပဒေနဲ့ ပတ်သက်တဲ့ သင်ရိုးသစ်လေးတွေ တိုးစေချင်ပါတယ်" လို့ မေလ ၂၁ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: MIn Khant Kyaw

 ဥပဒေအကြောင်းအရာတွေကို သင်ရိုးသစ် တစ်ခုအနေနဲ့ ဆောင်ရွက်လိုက်မယ် ဆိုရင် သားသမီးတွေကနေတဆင့် မိဘတွေလည်း သိလာနိုင်တယ်လို့ မင်းခန့်ကျော်က ပြောပြခဲ့ပါသေးတယ်။ 

" ကျွန်တော်တို့ နိုင်ငံမှာ အားနည်းနေတာက ဥပဒေပါ။ ဥပဒေကို လူတိုင်း မသိကြဘူး။ စာဖတ်အရမ်းပျင်းကြသူတွေရှိတယ်လေ ဒီတော့ ကျောင်းစာမှာပါ တစ်ခါတည်း တွဲသင်ပေးလိုက်မယ်ဆိုရင် ကလေးတွေ စာကျက်နေတဲ့ အချိန်မှာ ဥပဒေအကြောင်း သိပ်မသိတဲ့ မိဘတွေလည်း သိလာနိုင်တယ်။ ပတ်ဝန်းကျင်က သိလာမယ်၊ နောက်ကျရင် ကလေးကတောင် သင်တတ်လာလိမ့်မယ်။ အဲဒီအတွက် အများကြီး မျှော်လင့်ချက်တွေ ရှိလာနိုင်တယ်။ ကျွန်တော်ကတော့ ဒီရက်ပိုင်း၊ လပိုင်းထဲမှာ မြင်တာက ကျွန်တော်တို့ နိုင်ငံက ဥပဒေနဲ့ ပတ်သက်ရင် တော်တော် အသိနည်းကြတယ်ဆိုတာပါပဲ" လို့ ဆိုပါတယ်။ 

Photo: MIn Khant Kyaw

မင်းခန့်ကျော်အနေနဲ့ ငယ်စဉ်ကတည်းက ဥပဒေအကြောင်းအရာတွေကို သိထားသူတွေအနေနဲ့ အိမ်ထောင်ပြုတဲ့ အခါမှာလည်း အထောက်အကူ ဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။ 

" တကယ် သင်ရိုးသစ်ကို ထည့်မယ် ဆိုရင် လိုအပ်တာက ဥပဒေပါ။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာလို့ အိမ်ထောင်ပြုမယ်ဆိုရင်တောင် သူ့ယောက်ျားကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ သိလာနိုင်တယ်။ အဲဒီမိန်းကလေးနဲ့ တန်းတူ ယူထားတဲ့ ယောက်ျားကလည်း သူ့ကို ဘာတွေ ပြန်တရားစွဲမယ် ဆိုတာကို သိတယ်။ အဲဒီအတွက် အားလုံးသည် ဆင်ခြင်တုံ့တရားတွေ ဖြစ်လာမယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: MIn Khant Kyaw

မင်းခန့်ကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတော်တော်များများ ရိုက်ကူးရသူဖြစ်တာကြောင့် အက်ရှင်မင်းသားလို့လည်း ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ မင်းခန့်ကျော်ကို အားပေးတဲ့ ပရိသတ်တွေကတော့ နယ်ပရိသတ်တွေ ပိုများပါတယ်။ လက်ရှိ အချိန်ထိ လည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က