• ကလပ်အသင်းမှာ ရော်နယ်ဒို၊မက်ဆီတို့နဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမား (၂)ဦး

နိုင်ငံနဲ့ကလပ်အသင်းတွေမှာတော့ (၁၁)ယောက်အထိ ရှိပါတယ်။

မော်ဒန်ဘောလုံးလောကမှာ အားလုံးထက်ပိုမိုပြီး ကျော်ကြားမှု၊ လွှမ်းမိုးနိုင်မှု အရှိန်အဝါ အကြီးမားဆုံး ကစားသမားတွေကတော့ ရော်နယ်ဒို နဲ့ မက်ဆီတို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ဆယ်စုနှစ်တစ်ခုတိုင်အောင် လွှမ်းမိုးထားနိုင်ခဲ့သူတွေ ဖြစ်ပြီး ဒီကစားသမားတွေနဲ့ တွဲဖက်ကစားချင်တဲ့ ကစားသမားတွေလည်း ရှိခဲ့ပါတယ်။

image
 

ဒါပေမယ့်လည်း ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တစ်ဦးချင်းစီသာ တွဲဖက်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားတွေသာ အများအပြားပေါ်ထွက်ခဲ့ပြီး သူတို့နှစ်ဦးစလုံးနဲ့ ကလပ်အသင်းတွေမှာ တွဲဖက်ကစားခဲ့ဖူးသူတွေကတော့ ရှားတောင့်ရှားပါး လူသားတွေအဖြစ် ရှိနေခဲ့ပါတယ်။ တိတိကျကျ ဆိုရရင်တော့ ရော်နယ်ဒို၊ မက်ဆီ (၂)ဦးစလုံးနဲ့ ကလပ်အသင်းတွေမှာ တွဲဖက်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမား (၂)ဦး သာ ရှိခဲ့ပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပေါ့ဂ်ဘာ သဘောတူခဲ့တယ်လို့ သတင်းများ ထွက်ပေါ် 

 

ရော်နယ်ဒို၊ မက်ဆီတို့နဲ့ ကလပ်အသင်းမှာ အသင်းဖော်အဖြစ် တွဲဖက်ကစားဖူးတဲ့ ကစားသမားက လက်ရှိ ဘာစီလိုနာ နောက်ခံလူ ပီကေး ဖြစ်ပါတယ်။ ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လေးနှစ်ကြာ ကစားခဲ့ပြီးနောက်မှာ ငယ်ဘဝကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

 

ယူနိုက်တက်အသင်းမှာ ကစားနေခဲ့စဉ် ပီကေးဟာ ရော်နယ်ဒိုနဲ့ အသင်းဖော်များအဖြစ် တွဲဖက်ကစားဖူးခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့အပြီးမှာတော့ မက်ဆီနဲ့ အသင်းဖော်များအဖြစ် ဒီနေ့ထက်ထိ တွဲဖက်ကစားနေရဆဲ ဖြစ်ပါတယ်။ ပီကေးအတွက်တော့ ဘလွန်းဒီအော (၅)ကြိမ်အထိ ရရှိခဲ့တဲ့ ကစားသမား (၂)ဦးနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

 

ပီကေးလို ကစားဖို့ အခွင့်အရေး ပိုင်ဆိုင်ခဲ့သူကတော့ ဘောလုံးလောကက အနားယူသွားပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးဟောင်းကြီး ဟင်းနရစ်လာဆင် ဖြစ်ပါတယ်။ လာဆင်ဟာ ၂၀၀၇ ခုနှစ်မှာ ဟယ်ဆင်ဘော့ဂ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို အငှားပြောင်းရွှေ့ ကစားခဲ့ပြီး အဲဒီကာလမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

 

လာဆင်ဟာ ယူနိုက်တက်ကို မပြောင်းရွှေ့ခင် ၂၀၀၄ ကနေ ၂၀၀၆ အထိ ဘာစီလိုနာမှာ ကစားခဲ့ဖူးပြီး မက်ဆီနဲ့ အသင်းဖော်များအဖြစ် ကစားခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့အပြီးမှာ လာဆင်ဟာ ရော်နယ်ဒိုနဲ့ ထပ်မံတွဲဖက် ကစားခဲ့ရပြီးနောက် ရော်နယ်ဒို၊ မက်ဆီ တို့လို ကစားသမား (၂)ဦးနဲ့ ကလပ်အသင်းမှာ ကစားခွင့်ရခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

 

ကလပ်အသင်းတွေမှာ တွဲဖက်ကစားဖူးသူတွေအဖြစ် သူတို့နှစ်ဦးသာ ရှိခဲ့ပြီး နိုင်ငံနဲ့ကလပ်အသင်းမှာ တွဲဖက်ကစားခွင့်ရ ကစားသမားတွေဆိုရင်တော့ (၁၁)ဦးအထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီကစားသမားတွေကတော့ ဟိန့်ဇ်၊ တီဗက်ဇ်၊ ဂါရေး၊ ဂါဂို၊ ဟီဂူအင်၊ ဒီမာရီယာ၊ ဒီဘာလာ၊ ဒေကို၊ အန်ဒရီဂိုမက် နဲ့ ဆယ်မီဒိုတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က