ပွဲချိန် မိနစ် ၃၀မှာကွင်းလယ်ဒိုင်ကို အရာ ဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့လို့ ပွဲကို ရပ်နားခဲ့ရပြီး စတုတ္ထဒိုင်က ဆက်လက်တာဝန်ယူခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ယူရိုပါလိဂ် ခြေစစ်ပွဲစဉ်အဖြစ် သြဂုတ်လ ၁ ရက်နေ့က ကစားခဲ့တဲ့ အိမ်ရှင် ရိုမေးနီးယားကလပ် Universitatea Craiova နဲ့ ဟန်ဂေရီကလပ် Honved တို့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပါ တယ်။
မြောက်အိုင်ယာလန်ကွင်းလယ်ဒိုင်လူကြီး အာနိုးလ်ဟန်တာအနေနဲ့ ပွဲချိန် မိနစ် ၃၀ မှာ အရာဝတ္ထုအချို့နဲ့ ပစ်ပေါက်ခံခဲ့ရတာကြောင့်ပွဲကို ခေတ္တနားခဲ့ရကာ စတုတ္ထဒိုင်က ပွဲကို ဆက်လက်တာဝန်ယူခဲ့ရတယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

ပွဲစဉ်အတွင်း ရိုမေးနီးယား ပရိသတ်တွေက လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ကြသလို မီးကျည်များ လည်း ဖောက်ခဲ့ကြပြီး လုံခြုံရေး မလုံလောက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
အလားတူ ဟန်ဂေရီ ကလပ်အသင်းအနေနဲ့လည်း လူမျိုးရေးခွဲခြားမှု၊ပြိုင်ဖက် ပရိသတ်တွေကို နှောင့်ယှက်ခြင်း၊ အသင်းကို ထိခိုက်အောင် ပြုမူကြခြင်း စတဲ့ အပြုအမူတို့ကြောင့် ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ ကြားနာမယ်လို့ သိရပါတယ်။
ပွဲကြည့်စင်အတွင်းနှစ်ဖက် ပရိသတ်သောင်းကျန်းမှုကြောင့် မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့ရသလို အရာဝတ္ထုနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရတဲ့ မြောက်အိုင်ယာလန် ကွင်းလယ်ဒိုင် အာနိုးလ်လည်း ကွင်းအတွင်းမှာပဲ ဆေးကုသမှု ခံယူ ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။
အိမ်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ အတွက် ရိုမေးနီးယားကလပ် Universitatea Craiova ကို အနီးစပ်ဆုံး ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်နှစ်ပွဲကို ကွင်းပိတ်ကစားစေတဲ့ ပြစ်ဒဏ်ချမတ်ခဲ့ပြီးငွေဒဏ်အဖြစ်လည်း ပေါင် ၅၅၀၀၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။