Version 2.7.4 မှာ ပါလာတာပါ

Xiaomi ရဲ့ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး app ဖြစ်တဲ့ Mi Health app ဗားရှင်းသစ်မှာ လက်တွေ့အသုံးကျတဲ့ နည်းပညာတစ်ခုပါလာပါတယ်။ 

ပြီးခဲ့တဲနှစ် ဇူလိုင်လထဲမှာ Xiaomi ဟာ Mi Health app ကို မိတ်ဆက်ခဲ့ပါတယ်။ စပြီး မိတ်ဆက်ချိန်က Mi Health app မှာ ခြေလှမ်းအရေအတွက် တိုင်းတဲ့ နည်းပညာ ၊ အိပ်စက်မှုကြာချိန် စောင့်ကြည့်ခြင်းနဲ့ ဓမ္မတာစက်ဝိုင်း အခြေအနေ စတဲ့ fitness tracking features တွေပဲ ထည့်သွင်းလာခဲ့ပါတယ်။



Photo: GSMArena


MIUI 12 မှာ Xiaomi ဟာ Mi Health app အတွက် features သစ်တွေ ဖြည့်စွက်ခဲ့ပါတယ်။ update သစ်မှာ sleep tracking နဲ့ အထိုင်ကြာချိန်မှာ အသိပေးမယ့် features သစ်တွေအပြင် နှလုံးခုန်နှုန်းပါ တိုင်းတာနိုင်မယ့်စနစ်ပါ ပါဝင်လာပါတယ်။ Heart Rate Motoring သစ်ရဲ့ လုပ်ဆောင်ချက်က ထူးခြားပါတယ်။

Mi Health app မှာ ပါလာတဲ့ Heart Rate Monitoring feature သစ်ကို သုံးဖို့အတွက် စမတ်ဖုန်းမှာ ပါတဲ့ ကင်မရာကို သုံးပါတယ်။ ဒီ feature ကို သုံးမယ်ဆိုရင်တော့ အရင်ဆုံး app ထဲမှာ ပါတဲ့ Heart rate section သစ်ကို အရင်ဖွင့်ပြီး အောက်ခြေညာဘက်ထောင့်မှာ ရှိတဲ့ ခလုတ်လေးကို နှိပ်ရမှာ ဖြစ်ပါတယ်။



ပြီးရင်တော့ ကင်မရာကို လက်ညှိုးနဲ့ သွားထိထားရမှာပါ။ ဒီနည်းနဲ့ နှလုံးခုန်သံကို တိုင်းတာသွားမှာ ဖြစ်ပြီး နှလုံးခုန်တိုင်းမှု ၁၀၀% ပြီးတဲ့အထိ လက်ညှိုးကို ကင်မရာနေရာမှာ ထိထားရမှာ ဖြစ်ပါတယ်။ သုံးစွဲသူဟာ ပုံမှန် General Status ၊ အနားယူနေတဲ့ Resting Stare နဲ့ အားကစားလုပ်နေတဲ့ After Exercise တို့ကို ရွေးချယ်နိုင်မှာပါ။

Mi Health app ရဲ့ နှလုံးခုန်တိုင်းတာစနစ်ကို ဗားရှင်း 2.7.4 မှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီ app ဟာ Google Play Store ပေါ် ရောက်မလာသေးလို့ APK သက်သက် သွင်းရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က