လုံခြုံရေးအတွက် ပေးလိုက်ရတဲ့ ဈေးကလည်း မနည်းပါဘူး

ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးပိုင်း စိုးရိမ်စရာတွေ မြင့်တက်လာနေတဲ့ ခေတ်ကြီးမှာ စိတ်အချရဆုံးဖုန်းအဖြစ် နာမည်တပ်ပြီး ထွက်လာတာကတော့ Bittium Touch Mobile 2 ပဲ ဖြစ်ပါတယ်။

         ဖင်လန်နိုင်ငံက အဆင့်မြင့် ရေဒီယိုဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Bittium ကနေ ထုတ်လိုက်တဲ့ Bittium Touch Mobile 2 ဟာ professional အနေနဲ့ရော တစ်ကိုယ်ရေ personal သုံးအဖြစ်ပါ သင့်တော်တဲ့ ကမ္ဘာ့လုံခြုံမှုအမြင့်ဆုံးဖုန်းအဖြစ် ထွက်လာတာပါ။ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ features များ၊ ဆော့ဖ်ဝဲလ်များကို source code မှာ ပေါင်းထည့်ထားတဲ့ လုံခြုံရေးမြင့် Android 9 Pie OS ပေါ် အခြေခံထားတဲ့ အလွှာပေါင်းစုံ လုံခြုံရေးဖွဲ့စည်းမှုနဲ့လာတာ ဖြစ်ပါတယ်။



Photo: betanews


         Bittium Touch Mobile 2 ဟာ ဖုန်းထဲမှာ သိမ်းထားတဲ့ အချက်အလက်များအပြင် ပြင်ပအချက်အလက်တွေနဲ့Data Transfer လုပ်ရာမှာပါ လုံခြုံစိတ်ချမှု ရှိအောင် အထူးတည်ဆောက်ထားတဲ့ ဖုန်းလို့ဆိုပါတယ်။ ဒီဖုန်းမှာ လုံခြုံရေးစနစ် အများအပြား ပါရှိပြီး လော့ခ်စနစ်များ ၊ ဖုန်းတွင်း သော့ချက်စီမံမှုဆိုင်ရာ features များ ၊ ဖုန်းသုံးနေစဉ် လုံခြုံရေးစစ်ဆေးပေးမယ့် နည်းပညာနဲ့ဆိုက်ဘာလုံခြုံရေး ဖောက်ထွင်းမခံရအောင် လုပ်ထားတဲ့ သတင်းအချက်အလက် လုံခြုံရေး ပလက်ဖောင်းများလည်း ပါဝင်ပါတယ်။

         ဒီဖုန်းမှာ နောက်ထပ် ထူးခြားတာက privacy အချက်အလက် အပြင်မရောက်အောင် ကာကွယ်ပေးမယ့် privacy mode တစ်ခု ထည့်ထားတာ ဖြစ်ပါတယ်။ privacy mode ဟာ ခလုတ်တစ်ခုနဲ့လာပြီး ဒီခလုတ်ကို နှိပ်ထားလိုက်တာနဲ့အာရုံခံစနစ် ၊ Bluetooth ချိတ်ဆက်မှု ၊ ကင်မရာနဲ့မိုက်ခရိုဖုန်းတွေကို ပိတ်ပေးသွားမှာပါ။

         ဒီခလုတ်အပြင် ဆော့ဖ်ဝဲလ်ပိုင်း လုံခြုံရေးမြင့်မားစေဖို့ဖုန်းတွေကို အဝေးကနေ ထိန်းချုပ်စီမံနိုင်ပြီး ဖုန်းထဲမှာ ဖွက်ထားတဲ့ အချက်အလက်တွေကို ပေးပို့လွဲှပြောင်းမှုတွေ လုပ်ဆောင်နိုင်တဲ့ Bittium Secure Suite ဆော့ဖ်ဝဲလ်လည်း သုံးနိုင်မှာပါ။ Bittium Touch Mobile 2 ဟာ သီးသန့်နဲ့လုံခြုံတဲ့ အလုပ်ခွင်အမျိုးမျိုးမှာ သုံးနိုင်ပြီး အဖွဲ့အစည်းအမျိုးမျိုးရဲ့ လျှို့ဝှက်အချက်အလက်တွေကို လွယ်လွယ်ကူကူ လုံလုံခြုံခြုံ ထိန်းချုပ်အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

Photo: Help Net Security

         Bittium Touch Mobile 2 ဟာ ဒီဇိုင်းပိုင်းအနေနဲ့လည်း ခေတ်ပေါ်ဖုန်းအားလုံးနဲ့ကွဲလွဲနေပါတယ်။ မျက်နှာပြင် ၅.၂ လက်မ FullHD screen ဟာ နေရောင်အောင်မှာ စာဖတ်နိုင်တဲ့ touchscreen ဖြစ်ပြီး လက်အိတ်ဝတ်ထားချိန်မှာရော မိုးရေစိုနေချိန်မှာပါ သုံးနိုင်မယ်လို့ဆိုပါတယ်။ ရေစို/ဖုန်းတင်ခံနှုန်း IP67 Rating ရထားပြီး ဖုန်းလွတ်ကျချိန်မှာ မကွဲအောင် ကာကွယ်ပေးရာမှာ စစ်တပ်ရဲ့ အကြမ်းခံမှု စံဖြစ်တဲ့ MIL-STXD-810G စနစ်နဲ့ထုတ်ထားတာပါ။

         ကျောဘက်မှာ 12MP ကင်မရာ ၊ ရှေ့ဘက် 5MP နဲ့front facing စပီကာ ၂ လုံး ပါရှိပါတယ်။ ဒီဖုန်းဟာ Snapdragon 670 SoC နဲ့လာပြီး RAM 4GB / 64GB eMMC Storage ကိုမှ microSD card support ပေးထားပါတယ်။ Dual SIM အမျိုးအစား ဖြစ်တဲ့ Bittium Touch Mobile 2 ဟာ 3000 mAh ဘက်ထရီသုံးထားပါတယ်။ ဈေးနှုန်းအနေနဲ့အခွန်ပါပြီး ယူရို ၁၅၅၀ ( မြန်မာငွေ ၂၆ သိန်းခွဲခန့်) ဈေးနဲ့pre-order မှာနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က