တစ်ပတ်ကို ပေါင် ၄ သိန်းအထိရရှိမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ၃ ယောက်မြောက် ဝေးလ်လက်ရွေးစင် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းနဲ့ အကြိုသဘောတူ စာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



လေးနှစ်စာချုပ်နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိမယ်လို့လည်း သိရ ပါတယ်။

ဇန်နဝါရီလအတွင်း ဂျူဗင်တပ်အသင်းရဲ့ နှစ်ကြိမ်တိုင်တိုင်ဆေးစစ်ခြင်းကို အောင်မြင်ခဲ့ပြီးနောက် အခုလို အကြို သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုနိုင်တာ ဖြစ်ပါတယ်။

ဒါကလည်း အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီရာသီကုန်မှ ပြည့်မှာ ဖြစ်တာကြောင့် အပြီးသတ်ခေါ်ယူလို့ မရသေးပဲ ရာသီကုန်မှသာ အလွတ်နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ရမ်ဆေးဟာ ဝေးလ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်တာကြောင့် ဗြိတိန်အဖွဲ့ဝင်နိုင်ငံသားတစ်ယောက်ဖြစ် ပါတယ်။

အခုရရှိလာမယ့် လုပ်ခလစာ တစ်ပါတ် ပေါင် ၄ သိန်းဆိုတာ ဗြိတိန် ကစားသမား သမိုင်းတစ်လျှောက် အမြင့်ဆုံးလုပ်ခ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်အသင်းကလည်း ကစားသမားသစ်ရမ်ဆေးကို - “ တတိယမြောက် ဝေးလ်ကစားသမားကို ခေါ်ယူနိုင်ခြင်းဖြစ်လာခဲ့ပါပြီ။ အရင်က ဂျွန်ကားလက်စ်အီရန်ရွိုက်တို့ကို ခေါ်ယူခဲ့ဖူးပါတယ်။” လို့ အသင်းရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြလာခဲ့ပါပြီ။

ရမ်ဆေးဟာ အာဆင်နယ်အသင်းကို ၂၀၀၈ ခုနှစ်က ရောက်ရှိလာခဲ့ပြီး လက်ရှိ အချိန်ထိ ၂၅၉ ပွဲ ပါဝင်ကစားပေးထားကာ ၆၁ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က