OPPO ဟာ စမတ်ဖုန်းလောကရဲ့ ပထမဆုံး မှန်ပြင်အောက် ကင်မရာထည့်ထားတဲ့ နည်းပညာကို ရှန်ဟိုင်းမှာ မိတ်ဆက်ပြသခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပသွားမယ့် MWC Shanghai 2019 မှာ OPPO ဟာ under-display selfie ကင်မရာကို မိတ်ဆက်ခဲ့တာပါ။ OPPO ရဲ့ အဆိုအရ display ဟာ under-display ဆယ်လ်ဖီကင်မရာအတွက် အလင်းဖောက်နိုင်အောင်လို့pixel ဖွဲ့စည်းပုံ ဒီဇိုင်းသစ်နဲ့အလုပ်လုပ်နိုင်မယ့် transparent material တစ်ခု သုံးထားတယ်လို့ဆိုပါတယ်။ ဒီကင်မရာအတွက် ထုတ်ထားတဲ့ နေရာဟာ touch control လုပ်နိုင်မှာ ဖြစ်ပြီး တစ်ခြား selfie ကင်မရာတွေထက် ပိုကြီးတဲ့ sensor နဲ့ပိုကျယ်တဲ့ aperture lens ပါမှာပါ။

Photo: XDA-Developers
screen အောက်မှာ ကင်မရာထားတာဟာ ဓါတ်ပုံ အလင်းအမှောင် ၊ ကာလာနဲ့ပြတ်သားမှု စတဲ့ ပုံအရည်အသွေးပိုင်း ထိခိုက်နိုင်ပေမယ့် OPPO ကတော့ ဒီပြဿနာတွေကို ရှင်းဖို့hardware နဲ့ချိန်ညှိထားတဲ့ အဆင့်မြင့် algorithms ၃ မျိုး သုံးထားတယ်လို့ဆိုတယ်။ ဒါကြောင့်ပဲ OPPO ရဲ့ under-display selfie ကင်မရာဟာ ဈေးကွက်ထဲက ဖုန်းတွေရဲ့ ရှေ့ကင်မရာနဲ့ရင်ဘောင်တန်းနိုင်မယ့် အရည်အသွေး ရှိမယ်လို့လည်း ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားပါတယ်။
OPPO ရဲ့ ဒီမှန်ပြင်အောက် ကင်မရာနည်းပညာမှာ ပါတဲ့ ကင်မရာဟာ aperture နဲ့အာရုံခံ sensor ပိုကြီးတဲ့အပြင် pixel size လည်း သာမန်ဖုန်းကင်မရာတွေထက် ပိုကြီးအောင် ထုတ်သွားမှာပါ။ ဒီနည်းပညာဟာ အနာဂါတ်မှာ ခေတ်စားလာမယ့် notchless ဒီဇိုင်းနဲ့ထင်းခနဲ မြင်သာစေမယ့် စမတ်ဖုန်းနည်းပညာလို့ဖြစ်ပေမယ့် OPPO ကတော့ ဒီနည်းပညာသုံးမယ့် ဖုန်းနာမည် ၊ specs ၊ ဈေးနှုန်းနဲ့မိတ်ဆက်မယ့်ရက် မကြေညာသေးပါဘူး။
Photo: GSMArena
ဇွန်လဆန်းကပဲ OPPO အပြင် Xiaomi ဟာ in-display selfie ကင်မရာနည်းပညာသစ်ကို သရုပ်ပြမိတ်ဆက်ထားခဲ့ပါတယ်။