• ကမ္ဘာတစ်လွှားမှ Google ဝန်ဆောင်မှုတစ်ချို့ ပြတ်တောက်မှု ဖြစ်ပွား

ပြဿနာကို စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်

Gmail နဲ့ Google Drive အပါအဝင် G Suite app တစ်ချို့ ပြတ်တောက်မှု ဖြစ်နေပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့မှာ Spotify ပြတ်တောက်သွားခဲ့ပြီး ဒီနေ့မှာတော့ Google ဟာ သိသာတဲ့ ဆက်သွယ်ရေးပြတ်တောက်မှုနဲ့ ကြုံနေတာ ဖြစ်ပါတယ်။ Downdetector ဝက်ဘ်ဆိုက်မှာလည်း Google ဝန်ဆောင်မှုများ ပြတ်‌တောက်မှုကို ဩစတြေးလျ ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ ကိုရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်ဝမ် နဲ့ အမေရိကန်တို့မှာလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

image

Photo: androidauthority


Google ကလည်း G Suite Status Dashboard မှာ ဝန်ဆောင်မှုတစ်ချို့ ပြတ်တောက်မှု ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ G Suite Dashboard အရ ပြတ်တောက်သွားတဲ့ app တွေထဲမှာ Gmail ၊ Google Drive ၊ Google Docs ၊ Google Meet နဲ့ Google Voice တို့လည်း ပါနေတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒီပြဿနာကို ဆက်လက်စုံစမ်းနေပါတယ်။ ပြဿနာကို အဖြေရှာနိုင်တာနဲ့ update ပြန်တင်ပေးသွားပါမယ်။" လို့ Google ရဲ့ dashboard မှာ ရေးထားပါတယ်။ 

Engadget သတင်းမှာတော့ ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူတွေဟာ login ဝင်မရတဲ့ ပြဿနာနဲ့ ဖိုင် attachment တင်တာ ပေးပို့တာမျိုး လုပ်မရတာနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။ နောက်ထပ် အသစ်ရလာတဲ့ အချက်အလက်တွေအရ YouTube မှာလည်း Upload တင်မရတဲ့ ပြဿနာတွေ့နေရတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က