• ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဘာစီလိုနာကို စာရင်းထဲတောင် မထည့်တော့တဲ့ မက်ဆီ

မန်စီးတီးနဲ့ ရီးရဲလ်ကိုသာ ပြောသွားခဲ့တာပါ။

ဘာစီလိုနာကစားသမားဟောင်း မက်ဆီကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး အသင်းနှစ်သင်းရဲ့ နာမည်ကို ထုတ်ဖော်ပြောချိန်မှာ ဘာစီလိုနာကို စာရင်းထဲတောင် မထည့်သွင်းတော့ပါဘူး။ မက်ဆီ ညွှန်းဆိုခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး နှစ်သင်းကတော့ မန်စီးတီးနဲ့ ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်တို့ပါ။

image

မန်စီးတီးက ပရီးမီးယားလိဂ်မှာ ချန်ပီယံအဖြစ် (၄) နှစ်ဆက် အောင်ပွဲခံထားတဲ့ အသင်းတစ်သင်းပါ။ ရီးရဲလ်မက်ဒရစ်ကလည်း သူတို့အတွက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအပါအဝင် ပြီးခဲ့တဲ့ရာသီမှာ ဖလားသုံးလုံးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

image

အဲ့ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး အသင်းအကြောင်း မေးမြန်းချိန်မှာ မက်ဆီက အခုလိုပြောကြားခဲ့တာပါ။ မက်ဆီက “ကျနော့်အတွက်တော့ ကစားပုံ အဆင့်အတန်းအရဆိုရင် မန်စီးတီးက အကောင်းဆုံးပါပဲ။ ရလဒ်ပိုင်းအရဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ရီးရဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက မန်စီးတီးက နှစ်ကျော့စလုံး ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးရဲလ်ကသာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။

မန်စီးတီးရဲ့ လက်ရှိကစားပုံက ကမ္ဘာပေါ်က ဘယ်အသင်းထက်မဆို ခေါင်းတစ်လုံးမက သာနေပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ လိုချင်တဲ့ရလဒ်ကို ဘယ်လိုယူရမယ်ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က