• ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ အကြိမ်ကြိမ်ပြသနေရတဲ့ ရော်နယ်ဒို

အသင်းသားတွေကိုရော၊ ပရိသတ်တွေကိုရော ရော်နယ်ဒိုတွန်းအားပေးနေတာပါ။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ် ခြေစစ်ပွဲအတွက် အသင်းသားတွေကို နေ့စဥ်ရက်ဆက် တွန်းအားပေးနေပါတယ်။ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုအတွက် ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်သွားနိုင်ပါတယ်။

image

ဒါပေမယ့်လည်း ပေါ်တူဂီကတော့ ပလေးအော့ဖ်ကစားရတဲ့အထိ ပွဲကျပ်နေခဲ့ပြီး ဒီကနေ့ည တူရကီကို အနိုင်ရရှိခဲ့ရင်တောင်မှ နောက်တဆင့်မှာ အီတလီနဲ့ ထိပ်တိုက်တွေ့နိုင်ခြေရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက အသင်းဖော်တွေကို ဆက်တိုက်တွန်းအားပေးနေဟန်ရှိပါတယ်။

image

သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာလည်း ရော်နယ်ဒိုက ပေါ်တူဂီအတွက် အကောင်းဆုံးကြိုးစားကစားပေးဖို့ ဒီရက်ပိုင်းအတွင်း မကြာခဏ ရေးသားနေပါတယ်။ မနေ့ကလည်း ရော်နယ်ဒိုက “ပေါ်တူဂီနိုင်ငံကို ပြန်လည်ကိုယ်စားပြုခွင့်ရတာက အရမ်းကို ထူးခြားကောင်းမွန်တဲ့ အခိုက်အတန့်ဆိုတာ လျှို့ဝှက်ထားစရာ မလိုပါဘူး”

“ပေါ်တူဂီနိုင်ငံသားတွေအတွက် ပေါ်တူဂီရဲ့နာမည်ကို မြှင့်တင်နိုင်သလောက် မြှင့်တင်ကြပါ။ နိုင်ငံသားတွေကို ဂုဏ်ယူမှု၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြပါ။ ကျနော်တို့ရဲ့ လူငယ်လေးတွေကို မဖြစ်နိုင်တာ ဘာမှမရှိတဲ့အကြောင်း သက်သေပြပေးကြပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြပါ”

“ကျနော်တို့ရဲ့ လက်ရွေးစင်အသင်းကို ယုံကြည်ကြပါ။ ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှုနဲ့ လိုက်ဖက်ညီအောင် ကျနော်တို့က အရာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Come on Portugal” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ အက်သလက်တီကို,ကို ရှုံးနိမ့်ကာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။

ပေါ်တူဂီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အုပ်စုအဆင့်ကနေ တိုက်ရိုက်အောင်မြင်နိုင်ခြေရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်စု နောက်ဆုံးပွဲမှာဲ အုပ်စု နောက်ဆု်ခေြဲကို အုပ်စုအဆင့်ကနေ တိုက်စားကြပါ ဆာဘီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် အခုလိုပဲ ပွဲကျပ်သွားခဲ့ပြီး လာမယ့် ဆောင်းရာသီ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားရတော့မှာပါ။ 

Share

က္က